TikTok ပိတ်ပင်မည့်ဥပဒေ ဆိုင်းငံ့ထားပေးရေး ထရမ့် တောင်းဆို
အမေရိကန်ပြည်ထောင်စုတွင် TikTok အက်ပလီကေး ရှင်းကို ပိတ်ပင်သွားမည့်ဥပဒေအား ဆိုင်းငံ့ထားပေး ရန်နှင့် နောင်တက်လာမည့်အစိုးရအဖွဲ့ကို တာဝန်ပေးရန် ဒီဇင်ဘာ ၂၇ ရက်တွင် ရွေးကောက်ခံသမ္မတ ဒေါ်နယ် ထရမ့်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးကို တောင်းဆိုလိုက်ပါသည်။
အမေရိကန်တွင် TikTok အသုံးပြုသူ သန်း ၁၇၀ ကျော် ရှိပြီး ဧပြီလတွင် ဂျိုးဘိုင်ဒင်လက်မှတ် ရေးထိုးလိုက်သည့် ဥပဒေပြဌာန်းချက်အရ TikTok ပိုင်ရှင်ကုမ္ပဏီအနေဖြင့်၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက် နောက်ဆုံးထား၍ TikTok ကို တရုတ်မဟုတ်သည့် ကုမ္ပဏီတစ်ခုထံ ရောင်းချခြင်းမရှိပါက အမေရိကန်တွင် TikTok ကို ပိတ်ပင်မည်ဖြစ်သည်။ ပြည်ထောင်စု တရားလွှတ်တော် ချုပ်ရုံးသည် ထိုအမှုကို လာမည့်ဇန်နဝါရီလ ၁၀ ရက် တွင် လက်ခံကြားနာမည်ဖြစ်ပါသည်။
ဒေါ်နယ်ထရမ့်အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ပထမ အကြိမ် သမ္မတာဝန်ယူခဲ့စဉ်က TikTok ကိုပိတ်ပင်ရန် ကြိုးစားခဲ့သော်လည်း ပြီးခဲ့သည့် နိုဝင်ဘာ ရွေးကောက်ပွဲ အကြိုကာလတွင် TikTok ကို ပိတ်ခွင့်မပြုဟု လေသံ ပြောင်းလဲသွားခဲ့သည်။ ဒေါ်နယ်ထရမ့်သည် TikTok စီအီးအို Chew Shou Zi အား ယခု ဒီဇင်ဘာလအတွင်း လက်ခံတွေ့ဆုံခဲ့ပါသည်။
ကိုးကား - CNA