တောင်ကိုရီးယားလေယာဉ် ပျက်ကျ အနည်းဆုံး လူ ၁၇၉ ဦး သေဆုံး
ခရီးသည် ၁၇၅ ဦးနှင့် လေယာဉ်မှူးဝန်ထမ်း ၆ ဦး လိုက်ပါလာသော တောင်ကိုရီးယား ဂျေဂျုး လေကြောင်း လိုင်း၏ ခရီးသည်တင်လေယာဉ်ဘိုရင်း 737-800 သည် ဒီဇင်ဘာ ၂၉ ရက်နေ့ ဒေသစံတော်ချိန် ၉:၀၀ နာရီတွင် Muan ကောင်တီ လေဆိပ်သို့ ဆင်းသက်ချိန်တွင် ပျက်ကျ၍ အနည်းဆုံး ၁၇၉ ဦး သေဆုံးသွားကြောင်း ၊ လေယာဉ်တစ်စီးလုံး လုံးဝပျက်စီးသွားကြောင်း ဒေသ ဆိုင်ရာမီးသတ်ဌာနက CNN ကို ပြောကြားလိုက်ပါ သည်။
ထိုလေယာဉ်သည် ထိုင်းနိုင်ငံ ဘန်ကောက်မှ ထွက်ခွာ လာခြင်းဖြစ်ပြီး သေဆုံးသူဦးရေ ထပ်မံတိုးမြင့်လာဖွယ် ရှိကြောင်း ဆက်လက်ပြောကြားထားပါသည်။
ကိုးကား (CNN)
MM-News-Category