ရုရှားဓာတ်ငွေ့ပို့ဆောင်မှု အငြင်းပွားမှုမြင့်မားနေချိန် စလိုဗက်ကီးယားဝန်ကြီးချုပ်ကိုဇယ်လန်စကီး ပြစ်တင် ရှုတ်ချ
ရုရှား၏အမိန့်ကို နာခံလျက် ယူကရိန်း လုပ်ဆောင် ချက်ကို ဆန့်ကျင်ကာ ရုရှားဓာတ်ငွေ့များကို ဥရောပသို့ လွှဲပြောင်းပို့ဆောင်ရန်ကိစ္စနှင့်စပ်လျဉ်း၍ ဒုတိယ စွမ်းအင်မျက်နှာစာ ဖွင့်လှစ်နေသည်ဟု ယူကရိန်းသမ္မတ ဇယ်လန်စကီးက စလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ် ဖီကို ကို ပြစ်တင်ရှုတ်ချလိုက်ပါသည်။
လက်ရှိအချိန်တွင် ယူကရိန်းသည် ရုရှားနိုင်ငံမှ ပို့လွှတ် နေသည့် ဓာတ်ငွေ့များကို တစ်ဆင့်ခံစနစ်ဖြင့် စလို ဗက်ကီးယား၊ မော်လ်ဒိုဘာ၊ ဟန်ဂေရီ အစရှိသည့် နိုင်ငံများ အပါအဝင် ဥရောပနိုင်ငံများသို့ ပို့လွှတ် ပေးလျက်ရှိသည်။ ယူကရိန်းက တစ်ဆင့်ခံ ပို့လွှတ် ပေးမှု စနစ်မှာ ၂၀၂၂ ခုနှစ် ရုရှားနှင့် ယူကရိန်း စစ်ပွဲမဖြစ်ပွားမီ ဖြတ်သန်းရေး သဘောတူညီချက်အရ ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုနှစ်ကုန်လျှင် အဆိုပါ စာချုပ်သက်တမ်းကုန်ဆုံးသွားမည်ဖြစ်၍ လက်ရှိ အနေ အထားအရ ရပ်တန့်သွားဖွယ်ရှိနေပါသည်။
ပြီးခဲ့သည့်သီတင်းပတ်က ရုရှားနိုင်ငံသို့ အလည်အပတ် လာရောက်သော စလိုဗက်ကီးယား ဝန်ကြီးချုပ်ဖီကိုက ရုရှားသမ္မတပူတင်နှင့်တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ်တွင် ယူကရိန်းက လာမည့်ဇန်နဝါရီ ၁ ရက်တွင် ရုရှားဓာတ်ငွေ့ တစ်ဆင့်ခံပို့လွှတ်သည့် လုပ်ငန်းစနစ်အတွက် သက်တမ်းကုန်ဆုံးပြီး စာချုပ် ရပ်ဆိုင်းတော့မည်ဖြစ်ရာ စလိုဗက်ကီးယား အနေဖြင့် ရုရှားစွမ်းအင်မရရှိပါက များစွာထိခိုက်မည် ဖြစ်သဖြင့် အပြန်အလှန်စီမံချက်အဖြစ် ဖီကို၏တောင်းဆိုချက်အရ စလိုဗက်ကီးယား၌ ရုရှား၏ ဒုတိယစွမ်းအင်မျက်နှာစာ ဖွင့်လှစ်ရန် ပူတင်က ညွှန်ကြားလိုက်ကြောင်း ဇယ်လန် စကီးက လူမှုမီဒီယာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား - Reuters