အမေရိကန်အပေါ် အလွန်ပြင်းထန်သော တုံ့ပြန်ရေး မဟာဗျူဟာတစ်ရပ်ကို မြောက်ကိုရီးယားက ကြေညာ

News Image

  • အမေရိကန်အပေါ် အလွန်ပြင်းထန်သော တုံ့ပြန်ရေး မဟာဗျူဟာတစ်ရပ်ကို မြောက်ကိုရီးယားက ကြေညာ

မြောက်ကိုရီးယား အလုပ်သမားပါတီ၏ ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးတွင် အမေရိကန်အပေါ် အလွန်ပြင်းထန်သော တုံ့ပြန်ရေး မဟာဗျူဟာတစ်ရပ် ကို မြောက်ကိုရီးယားက ကြေညာခဲ့သည်ဟု ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA) က ဖော်ပြသည်။

ဒီဇင်ဘာ ၂၃ ရက်မှ ၂၇ ရက်အထိ ကျင်းပသည့် အဆိုပါ အစည်းအဝေးတွင် နိုင်ငံရေးနှင့်ပတ်သက်သည့် တစ်နှစ်တာရလဒ်များကို အကျဉ်းချုံးဆွေးနွေးကြပြီး လာမည့်နောက်နှစ်အတွက် လုပ်ဆောင်ရမည့် ကဏ္ဍ များကို ဆုံးဖြတ်ခဲ့ကြသည်။ 

အစည်းအဝေးကို သဘာပတိအဖြစ် ဆောင်ရွက်သော မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက မြောက်ကိုရီးယား၏ အနာဂတ်နိုင်ငံတော်အကျိုးစီးပွား ကို ကာကွယ်ရန်နှင့် လုံခြုံရေးစိတ်ချရမှုရှိရန်အတွက် စဉ်ဆက်မပြတ် အကောင်အထည်ဖော်မည့် အမေရိကန် အပေါ် အလွန်ပြင်းထန်သော တုံ့ပြန်ရေး မဟာဗျူဟာ တစ်ရပ်ကို အလေးထားဆွေးနွေးသွားကြောင်း မီဒီယာ များက ဖော်ပြခဲ့ကြပါသည်။

ကိုးကား - TASS