ထရမ့်၏ ဂရင်းလန်းအပေါ် သဘောထားမှတ်ချက်များက ရုရှားနှင့် တရုတ်ကို တုံ့ပြန်မည့်မူဝါဒ၏ တစ်စိတ် တစ်ပိုင်း ဖြစ်လာနိုင်

News Image

  • ထရမ့်၏ ဂရင်းလန်းအပေါ် သဘောထားမှတ်ချက်များက ရုရှားနှင့် တရုတ်ကို တုံ့ပြန်မည့်မူဝါဒ၏ တစ်စိတ် တစ်ပိုင်း ဖြစ်လာနိုင်

ဂရင်းလန်း၊ ကနေဒါနှင့် ပနားမားတူးမြောင်းတို့အပေါ် အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ သဘောထားမှတ်ချက်များက ရုရှားနှင့် တရုတ်ကို တုံ့ပြန်မည့်မူဝါဒ၏ တစ်စိတ်တစ်ပိုင်းဖြစ်နိုင်သည်ဟု The Washington Post က ရေးသားခဲ့သည်။ 

ကနေဒါ၊ မက္ကဆီကို၊ ဂရင်းလန်းနှင့် ပနားမားတို့နှင့် ပတ်သက်ပြီး ထရမ့်၏ မှတ်ချက်များမှာ ခြိမ်းခြောက် လာနေသည့် ပြိုင်ဘက် ရုရှားနှင့် တရုတ်တို့ကို တုံ့ပြန်ရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး တစ်ခုနှင့်တစ်ခု ဆက်နွှယ်မှုရှိနေကြောင်း ထရမ့်၏ အသွင်ကူးပြောင်းရေး အရာရှိတစ်ဦး၏ပြောကြားချက်ကို ကိုးကား၍ ဖော်ပြ ထားသည်။ 

အစောပိုင်းက ထရမ့်သည် ကနေဒါဝန်ကြီးချုပ် Justin Trudeau အား Great State of Canada ၏ Governor အဖြစ် ရည်ညွှန်းပြောကြားခဲ့ပြီး ပနားမားတူးမြောင်း အသုံးပြုခွင့်အခြေအနေကို မပြင်ဆင်ပါက အမေရိကန် သည် ပနားမားတူးမြောင်းကို ပြန်လည်သိမ်းပိုက်နိုင်သည် ဟုလည်း ၎င်းက အခိုင်အမာပြောကြားခဲ့သည်။ ထို့အပြင် အမေရိကန်သည် ဂရင်းလန်း (Greenland) ကို ထိန်းချုပ်ရန် လိုအပ်ကြောင်း အမေရိကန် ရွေးကောက်ခံ သမ္မတက ပြောကြားထားသည်။

ကိုးကား - TASS