စေ့စပ်ညှိနှိုင်းမှုရလဒ်အဖြစ် ယူကရိန်းထိန်းချုပ်နယ်မြေမှ ရုရှားတပ်ဖွဲ့ဝင် ၁၅၀ ဦးသည် ဒီဇင်ဘာ ၃၀ ရက်တွင်ပြန်လည်ရောက်ရှိလာခဲ့ပြီး အပြန်အလှန်အားဖြင့် ယူကရိန်းစစ်တပ်မှ စစ်သုံ့ပန်း ၁၅၀ ဦးကို လွှဲပြောင်းပေးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်

News Image

  • စေ့စပ်ညှိနှိုင်းမှုရလဒ်အဖြစ် ယူကရိန်းထိန်းချုပ်နယ်မြေမှ ရုရှားတပ်ဖွဲ့ဝင် ၁၅၀ ဦးသည် ဒီဇင်ဘာ ၃၀ ရက်တွင်ပြန်လည်ရောက်ရှိလာခဲ့ပြီး အပြန်အလှန်အားဖြင့် ယူကရိန်းစစ်တပ်မှ စစ်သုံ့ပန်း ၁၅၀ ဦးကို လွှဲပြောင်းပေးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့၏ တပ်မတော်များသည် ဘီလာရုစ်ပိုင်နက်တွင်ရှိနေပြီး ၎င်းတို့အား စိတ်ပိုင်းဆိုင်ရာနှင့် ဆေးဘက်ဆိုင်ရာ အကူအညီများပေးကာ ဆွေမျိုးများနှင့် ဆက်သွယ်ရန် ဆောင်ရွက်ပေးထားကြောင်း၊ ယင်းနောက် ၎င်းတို့အား မော်စကိုရှိ ဆေးဘက်ဆိုင်ရာဌာနများတွင် ကုသရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။

ကိုးကား - Zvezdanews

Photo- SAN