အီးယူလိုလားသူများ၏ ဆန္ဒပြပွဲများဖြစ်ပေါ်နေမှုများ အကြား ဂျော်ဂျီယာ၌ သမ္မတသစ် ရာထူးတက်လာ
အီးယူအဖွဲ့ဝင်အဖြစ် ဝင်ရောက်လိုသူများ ဆက်လက် ဆန္ဒပြနေကြစဉ် အနောက်အုပ်စုအပေါ် သဘောထား တင်းမာသော Kavelashvili သည် ဂျော်ဂျီယာ သမ္မတ အဖြစ် ကျမ်းသစ္စာကျိန်ဆိုလိုက်သည်။
ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားဟောင်း ဖြစ်ခဲ့ ဖူးသည့် သမ္မတသစ် မီခေးလ်ကာဗလက်ရှ်ဗီလီ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက် နေ့တွင် ယခင်ဆိုဗီယက်သမ္မတနိုင်ငံ၌ ကျင်းပခဲ့သည်။
ပါလီမန်ရွေးကောက်ပွဲတွင် အများစုအနိုင်ရရှိထားသည့် လက်ရှိအာဏာရ Georgian Dream ပါတီ၏ ထောက်ခံမှုဖြင့် Kavelashvili သည် ယခုလ အစောပိုင်း ၌ ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။
အနောက်လိုလားသော အတိုက်အခံပါတီများနှင့် သမ္မတဟောင်း Salome Zourabichvili တို့သည် Kavelashvili အား တရားဝင်သမ္မတအဖြစ် အသိအမှတ် မပြုပေ။ အောက်တိုဘာလ ရွေးကောက်ပွဲ၌ ရွေးကောက်ပွဲချိုးဖောက်မှုများရှိခဲ့သည်ဟု ၎င်းတို့က ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂသို့ ဝင်ရောက်နိုင်ရေး ဆွေးနွေးပွဲများကို ဆိုင်းငံ့ထားရန် အစိုးရက နိုဝင်ဘာလတွင် ကြေညာ ခဲ့ပြီးနောက် မြို့တော် Tbilisi တွင် လူထုဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။
သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုခြင်းကို ဆန့်ကျင်သည့် အနေဖြင့် ပါလီမန် အဆောက်အအုံ အပြင်ဘက်၌ ဒီဇင်ဘာ ၂၉ ရက်နေ့တွင် အီးယူအလံများ ကိုင်ဆောင် ထားသော ဆန္ဒပြသူ အများအပြား စုဝေးခဲ့ကြသည်။
သမ္မတဟောင်းနှင့် အတိုက်အခံများက ပါလီမန်ရွေး ကောက်ပွဲ ပြန်လည်ကျင်းပရန် ကြိုးပမ်းနေကြသည်။
ဂျော်ဂျီယာအစိုးရသည် အနောက်နိုင်ငံများနှင့် ဝေးကွာ နေနိုင်သည်ဟု ပြည်တွင်းကျွမ်းကျင်သူများက သုံးသပ် နေကြသည်။
ကိုးကား-NHK World