Yoon Suk Yeol ကို ထိန်းသိမ်းရန်အတွက် တောင်ကိုရီး ယား တရားရုံးက ဝရမ်းထုတ်

News Image

  • Yoon Suk Yeol ကို ထိန်းသိမ်းရန်အတွက် တောင်ကိုရီး ယား တရားရုံးက ဝရမ်းထုတ်

ဆိုးလ်မြို့ရှိ ခရိုင်တရားရုံးတစ်ခုသည် ဆူပူအုံကြွမှု စွပ်စွဲချက်များနှင့် စွပ်စွဲခံထားရသော သမ္မတ Yoon Suk Yeol ကို ဖမ်းဆီးရန် ဖမ်းဝရမ်းကို အတည်ပြုလိုက်ပြီ ဖြစ်သည်။

အဆိုပါ ဖမ်းဝရမ်းအတွက် လျှောက်ထားချက်ကို ရဲတပ်ဖွဲ့၊ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အထူးအဖွဲ့တို့ ပါဝင်သော ပူးပေါင်း စုံစမ်းစစ်ဆေးရေးအဖွဲ့က ဒီဇင်ဘာ ၃၀ ရက်နေ့က တင်သွင်းခဲ့ခြင်းဖြစ်သည်။

Yoon သည် ပူးပေါင်းအဖွဲ့မှ ထုတ်ပြန်သော ဆင့်ခေါ်ချက် ကို လိုက်နာရန် သုံးကြိမ်တိုင်တိုင် ပျက်ကွက်ပြီးနောက် ယခုကဲ့သို့ ထွက်ပေါ်လာခြင်းဖြစ်သည်။ 

ဒီဇင်ဘာ ၂၇ ရက်နေ့တွင် Yoon အား ရာထူးမှ ပြန်လည် ခန့်အပ်ခြင်း သို့မဟုတ် အပြီးအပိုင်ဖယ်ရှားခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ကြားနာစစ်ဆေးခဲ့သည်။

လွှတ်တော်အတွင်း မကျေလည်မှုများဖြစ်ပွားနေသော Yoon သည် ဒီဇင်ဘာ ၃ ရက်နေ့တွင် စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။ အတိုက်အခံလွှတ်တော်ကိုယ်စားလှယ်များက နာရီ အနည်းငယ်အကြာတွင် အဆိုပါကြေညာမှုကို ဆန့်ကျင် ခဲ့ကြသည်။

Yoon ၏ ဥပဒေအကြံပေးအဖွဲ့သည် စွပ်စွဲပြစ်တင်မှု အား စုံစမ်းစစ်ဆေးပိုင်ခွင့်မရှိဟု ငြင်းဆိုထားသည့် ထုချေလွှာကို တရားရုံးသို့ တင်သွင်းထားကြောင်း ၎င်း၏ ရှေ့နေက ဒီဇင်ဘာ ၃၀ ရက်နေ့ တွင် ပြောကြားခဲ့သည်။

ကိုးကား-NHK World