ရုရှားနှင့်မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန် လုပ်ဆောင်မည်ဟု ကင်ဂျုံအွန်ပြော

News Image

  • ရုရှားနှင့်မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန် လုပ်ဆောင်မည်ဟု ကင်ဂျုံအွန်ပြော

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ရုရှားနှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန်လုပ်ဆောင်မည်ဖြစ်ကြောင်း ခေါင်းဆောင်ကင်ဂျုံအွန် က ပြောကြားခဲ့သည်ဟု  KCNA သတင်းအေဂျင်စီက   ဒီဇင်ဘာလ ၃၁ ရက်တွင် ဖော်ပြသည်။

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့ကြား ဆက်ဆံရေးသည်  ၂၀၂၄ ခုနှစ်အတွင်း စီမံကိန်းသစ်များ ဖော်ဆောင်ခြင်းအားဖြင့် ပိုမိုမြင့်တက် ခိုင်မာလာခဲ့ကြောင်း၊ မိမိအနေဖြင့်လည်း   နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်ခံ့လာစေရေးလုပ်ဆောင်ရန်    ဆန္ဒရှိနေကြောင်း ဒီဇင်ဘာလ ၃၀ ရက်တွင်   ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ရုရှားနိုင်ငံသားများသို့     စာရေးသားပေးပို့၍ နှုတ်ခွန်းဆက်သရာတွင် ထည့်သွင်းဖော်ပြခြင်းဖြစ်သည်။

ထို့ပြင် ၂၀၂၅ ခုနှစ် နှစ်သစ်သည် ရုရှားတပ်မတော်နှင့်  ရုရှားပြည်သူများ၏ ၂၁ ရာစုအတွင်း ပထမဆုံးအကြိမ် အောင်ပွဲရရှိသော နှစ်တစ်နှစ်အဖြစ် မှတ်တမ်းတင်ခံရမည်ဖြစ်ကြောင်း ခေါင်းဆောင်ကင်ကဆက်လက်ပြောကြားခဲ့ကြောင်း  KCNA သတင်းအေဂျင်စီက  ဆက်လက်ဖော်ပြသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ နှစ်ဦးသည် ၂၀၂၄ ခုနှစ်   ဇွန်လအတွင်း ထိပ်သီးဆွေးနွေးပွဲတစ်ရပ် ကျင်းပပြီး အပြန်အလှန်ကာကွယ်ရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါသဘောတူညီချက်အရ စစ်ရေးအရ တိုက်ခိုက်ခံရပါက တစ်နိုင်ငံအားအခြား တစ်နိုင်ငံမှ အပြန်အလှန် အကူအညီပေးမည် ဖြစ်ကြောင်း သိရသည်။ 

Source: Myawady Web Portal