အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ ဟားမတ်စ် အဖွဲ့ က အစ္စရေးသုံ့ပန်း ၃၄ ယောက်ကိုလွှတ်ပေးရန် အသင့်ရှိနေကြောင်းပြောကြား

News Image

  • အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ ဟားမတ်စ် အဖွဲ့ က အစ္စရေးသုံ့ပန်း ၃၄ ယောက်ကိုလွှတ်ပေးရန် အသင့်ရှိနေကြောင်းပြောကြား

နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အစ္စရေးသုံ့ပန်း ၃၄ ဦးကို လွှတ်ပေးရန် အသင့်ရှိကြောင်း ဟားမတ်စ်အဖွဲ့က ရိုက်တာနှင့် အေအက်ဖ်ပီ သတင်း ဌာနများသို့ ပြောကြားခဲ့ပါသည်။

"ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ထားသည့် ဟားမတ်စ်အဖွဲ့အနေဖြင့် သုံ့ပန်းလဲလှယ်မှု သဘောတူညီချက် ပထမအဆင့်အဖြစ် အစ္စရေးသုံ့ပန်းများကို လွှတ်ပေးရန် သဘောတူညီခဲ့ခြင်းဖြစ်ပါသည်" ဟု ဟားမတ်စ်အရာရှိကြီးတစ်ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ ပထမအသုတ်သုံ့ပန်းဖလှယ်မှုအစီအစဉ်တွင်  ဂါဇာတွင် ထိန်းသိမ်းခံထားရသည့် အစ္စရေးအမျိုးသမီးများ၊ ကလေးများ ၊ သက်ကြီးရွယ်အိုများနှင့် ဖျားနာနေသူ သုံ့ပန်းများ ပါဝင်မည်ဟု သိရှိရပါသည်။ နောက်အသုတ်တွင်လွှတ်ပေးမည့် သုံ့ပန်းများနှင့်ပတ်သက်၍မူ ဟားမတ်စ်အဖွဲ့က သတင်းထုတ်ပြန်ထားခြင်းမရှိသေးကြောင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ဒီဇင်ဘာ ၅ရက်နေ့က ပြောကြားခဲ့ ပါသည်။ 

ဂါဇာကမ်းမြောင်မှ အစ္စရေးတပ်ဖွဲ့များ ဆုတ်ခွာပေးမှုအပေါ် မူတည်ပြီး အဆိုပါ ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဆက်လက်ခိုင်မာမှုရှိမည်၊ မရှိမည်ကို အဖြေထုတ်ပေးမည်ဖြစ်ကြောင်း ဟားမတ်စ်အရာရှိကြီးတစ်ဦးက Reuter သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

ကိုးကား (Aljazerra)