ထရမ့်က ပူတင်ထံ ဖုန်းပြောမည့်အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုအပေါ် ရွေးကောက်ခံ ဒုသမ္မတ အဖြေ မပေးနိုင်

News Image

  • ထရမ့်က ပူတင်ထံ ဖုန်းပြောမည့်အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုအပေါ် ရွေးကောက်ခံ ဒုသမ္မတ အဖြေ မပေးနိုင်

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ရုရှားသမ္မတဗလာဒီမာ ပူတင်ထံ ဖုန်းပြောဆိုမည့် အစီအစဉ် ရှိ၊ မရှိ TASS ၏ မေးမြန်းချက်အပေါ် အမေရိကန် ရွေးကောက်ခံ ဒုတိယသမ္မတ James David Vance က ရှင်းရှင်းလင်းလင်း ဖြေကြားခဲ့ခြင်း မရှိချေ။ 

ပြီးခဲ့သည့် အမေရိကန်ရွေးကောက်ပွဲရလဒ်ကို အတည် ပြုရန် ပြုလုပ်သည့် အမေရိကန် ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်နှစ်ရပ်လုံး၏ ပူးတွဲကြားနာမှု အပြီးတွင် အဆိုပါမေးခွန်းအပေါ် ရွေးကောက်ခံ ဒုတိယ သမ္မတက သေချာရေရာသည့်အဖြေ ပြန်လည်ဖြေကြား ခဲ့ခြင်းမရှိပါ။ Vance သည် အမေရိကန်က ယူကရိန်း အပေါ် စစ်ရေးအကူအညီပေးဆောင်နေမှုအတွက် ဘိုင်ဒင် အစိုးရ၏ စီမံခန့်ခွဲမှုကို ထပ်ခါတလဲလဲ ဝေဖန်နေသူ ဖြစ်ပါသည်။ 

ယူကရိန်းပဋိပက္ခကို ဖြေရှင်းနိုင်ရေး ရုရှားသမ္မတ ပူတင်နှင့် ဆက်သွယ်ရန် အဆက်မပြတ်စီစဉ်နေကြောင်း အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်က ပြောကြားထားသလို ထို့နေ့မှာပင် ပူတင်ကလည်း ထရမ့်နှင့် အချိန်မရွေး စကားပြောရန် အသင့်ရှိနေကြောင်း မည်သည့်အချိန် တွေ့ဆုံမည်ကို မသိသေးကြောင်း မှတ်ချက်ပြုထားပါသည်။ 

ကိုးကား - TASS