မိုက်ဂျွန်ဆင် အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ပြန်လည်ရွေးချယ်ခံရ

News Image

  • မိုက်ဂျွန်ဆင် အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ပြန်လည်ရွေးချယ်ခံရ

အမေရိကန်နိုင်ငံ အမျိုးသားညီလာခံသစ်တစ်ရပ်ကို ဇန်နဝါရီ ၃ ရက်က စတင်ကျင်းပခဲ့ရာ ရီပတ်ဘလစ်ကန် ပါတီဝင် မိုက်ဂျွန်ဆင်သည် ပွတ်ကာသီကာ အနိုင် ရရှိခဲ့ပြီး အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခြင်းခံခဲ့ရသည်။ အမေရိကန်အောက် လွှတ်တော် ဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် အစောပိုင်း၌ မိုက်ဂျွန်ဆင်သည် ထောက်ခံမဲ ၂၁၆ မဲရရှိထားပြီး ရီပတ်ဘလစ်ပါတီ အောက်လွှတ်တော်အမတ် ၃ ဦးက ၎င်းတို့၏ ဆန္ဒမဲကို အခြားသော ကိုယ်စားလှယ်များကို ပေးခဲ့ကြကြောင်း၊ ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော်အမတ် ၂၁၅ ဦးလုံးကမူ အောက်လွှတ်တော် လူနည်းစု ပါတီခေါင်းဆောင် Hakeem Jeffries ကို မဲပေးခဲ့ကြကြောင်း သိရသည်။ ဆန္ဒမဲရေတွက်မှု တရားဝင် ပြီးဆုံးခြင်းမတိုင်ခင် ဂျွန်ဆင်သည် မဲဆန္ဒပြောင်းပေးရန် ရီပတ်ဘလစ် ပါတီအောက်လွှတ်တော်အမတ် ၂ ဦးကို အောင်မြင်စွာ စည်းရုံးနားချနိုင်ခဲ့ရာ နောက်ဆုံးတွင် ထောက်ခံမဲ ၂၁၈ မဲဖြင့် လုံလောက်သော ထောက်ခံမဲ ရရှိခဲ့သည်။ “ကျွန်တော်တို့နိုင်ငံက အကျိုးခံစားသူတွေ ဖြစ်လာတော့မယ်” ဟု အမေရိကန်ရွေးကောက်ခံ သမ္မတထရမ့်က ဂျွန်ဆင် ပြန်လည် ရွေးချယ်ခံရခြင်း အပေါ် ဂုဏ်ပြုကြောင်း လူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့သည်။ 

ကိုးကား - ဆင်ဟွာ