နေတိုးမဟာမိတ်အဖွဲ့သည် ယူကရိန်း၏ လိုအပ်ချက်များကိုဖြည့်တင်းရန်အတွက် ၎င်း၏နိုင်ငံများအကြားတွင် တာဝန်များခွဲဝေပေးမည်

News Image

  • နေတိုးမဟာမိတ်အဖွဲ့သည် ယူကရိန်း၏ လိုအပ်ချက်များကိုဖြည့်တင်းရန်အတွက် ၎င်း၏နိုင်ငံများအကြားတွင် တာဝန်များခွဲဝေပေးမည်

အနောက်နိုင်ငံများသည် ယူကရိန်း၏ စစ်ရေးလိုအပ်ချက်များကို အမျိုးအစားများခွဲခြား၍ အဆိုပါ အမျိုးအစားတစ်ခုစီတွင် ထောက်ပံ့ရေးတာဝန်ယူရန်အတွက် နေတိုးနိုင်ငံများကို တာဝန်ပေးခန့်အပ်မည်ဖြစ်ကြောင်းပင်တဂွန်စစ်ဌာနချုပ်၏ အဆင့်မြင့် ပြောရေးဆိုခွင့်ရှိ သူက ဇန်နဝါရီလ ၇ ရက်၊ အင်္ဂါနေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ပါသည်။

နေတိုးအဖွဲ့အတွင်း "အခွင့်အလမ်းများဆိုင်ရာညွန့်ပေါင်း အဖွဲ့" ရှစ်ခုကို ဖွဲ့စည်းထားပြီး ၎င်းတို့ အသီးသီးသည် ယူကရိန်း၏ စစ်ရေးလိုအပ်ချက်များအတွက် အမျိုးအစားတစ်ခုစီကို အာမခံရန် တာဝန်ရှိမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ အဆိုပါအဖွဲ့ခွဲတစ်ခုစီအတွင်း ညှိနှိုင်းဆောင်ရွက်မှုကို အနည်းဆုံး NATO နိုင်ငံ နှစ်နိုင်ငံက ဆောင်ရွက်မည်ဖြစ်ပါသည်။

နေတိုးမဟာမိတ်အဖွဲ့ ခေါင်းဆောင်များသည် လေတပ်၊ သံချပ်ကာယာဉ်များ၊ အမြောက်များ၊ မိုင်းရှင်းလင်းရေး၊ မောင်းသူမဲ့လေယာဉ်များ၊ လေကြောင်းရန်ကာကွယ်ရေး၊သတင်းအချက်အလက်နည်းပညာနှင့် ရေကြောင်းလုံခြုံရေးကဲ့သို့သောနယ်ပယ်များတွင် ၂၀၂၇ ခုနှစ် အထိယူကရိန်း၏လိုအပ်ချက်များနှင့် ရည်မှန်းချက်များအတွက် ရေးဆွဲမည့် လမ်းပြမြေပုံများကို အတည်ပြုရန် လိုအပ်မည်ဖြစ်ကြောင်း ပင်တဂွန်၏ ပြောရေးဆိုခွင့်ရှိ သူကရှင်းပြခဲ့ပါသည်။

ယူကရိန်းသို့ လက်နက်ထောက်ပံ့ရေး ညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာအနောက်နိုင်ငံများအဖွဲ့၏ ၂၅ ကြိမ်မြောက် အစည်းအဝေးကို ဇန်နဝါရီလ ၉ ရက်နေ့တွင် ဂျာမနီ နိုင်ငံ၊ ရမ်စတိန်းလေတပ်စခန်းတွင်ကျင်းပမည်ဖြစ်ပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin လည်း ပါဝင်တက်ရောက်မည်ဖြစ်ပါသည်။ 

ကိုးကား - TASS