တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ အာဖရိကခရီးစဥ် စတင်၊ တရုတ်-အာဖရိက ဆက်ဆံရေး ခိုင်မာစေရန် ထပ်လောင်း အတည်ပြု
နှစ်တစ်နှစ်၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ပထမဆုံး ပြည်ပခရီးစဥ်မှာ အမြဲတစေ အာဖရိကသို့ သွားရောက်ခြင်း ဖြစ်ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံ၏ သံခင်းတမန် ခင်း၌ ကြာမြင့်စွာတည်ရှိနေသည့် အစဥ်အလာတစ်ရပ် ဖြစ်သကဲ့သို့ သိသာထင်ရှားသော ဝိသေသလက္ခဏာ တစ်ရပ်လည်း ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇန်နဝါရီ ၆ ရက်၌ ပြောကြားခဲ့သည်။ နှစ်သစ်၌ ပထမဆုံး ပြည်ပခရီးစဉ် စတင်သည့်အနေဖြင့် နမီးဘီးယားနိုင်ငံ၏မြို့တော် ဝင်းဟွတ်ခ်သို့ ရောက်ရှိပြီးနောက် နမီးဘီးယားနိုင်ငံ ရွေးကောက်ခံသမ္မတ နီတမ်ဘို နန်ဒီ-အင်ဒီတွာနှင့် တွေ့ဆုံစဥ်အတွင်း တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် လည်းဖြစ်သူ ဝမ်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ကိုးကား - ဆင်ဟွာ
Photo: The China-Global South Project
MM-News-Category