DOGE က ပင်တဂွန်စစ်ဌာနချုပ်ကို စစ်ဆေးမည်

News Image

  • DOGE က ပင်တဂွန်စစ်ဌာနချုပ်ကို စစ်ဆေးမည်

အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန (DOGE) ၏ အကြီးအကဲအဖြစ် Elon Musk အား ဗဟိုအစိုးရ အသုံးစရိတ်ကို ပြန်လည်သုံးသပ်ရန် တာဝန်ပေးအပ် ထားပြီး ၎င်းအား ပင်တဂွန်နှင့် ပညာရေးဌာနအပေါ် စစ်ဆေး၍ တွေ့ရှိချက်များအပေါ် သုံးသပ်တင်ပြရန် ညွှန်ကြားခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အတည်ပြုပြောကြားခဲ့သည်။

အဆိုပါဌာနအသစ်တွင် တာဝန်ထမ်းဆောင်နေသူများအား ပြည်သူ့ဘဏ္ဍာအသုံးပြုမှုများကို စိစစ်လျှော့ချရန်အတွက် အထူးတာဝန်ပေးအပ်ထားကြောင်းဆိုသည်။

ပင်တဂွန်နှင့် ပညာရေးဌာနတို့အား စစ်ဆေးတွေ့ရှိချက် ရလဒ်များသည် အနှုတ်ဖက်သို့ဦးတည်နေမည်ဟု ယူဆရကြောင်း ထရမ့်ကဆိုသည်။

ဒီမိုကရက်များ၏ မီဒီယာလွှမ်းမိုးနိုင်ရေးအတွက် USAID မှ ဘဏ္ဍာငွေ ဒေါ်လာဘီလီယံပေါင်းများစွာကို စည်းလွတ် ဘောင်လွတ်အသုံးပြုခဲ့သည်ဟု ထရမ့်က လွန်ခဲ့သည့် သီတင်းပတ်အတွင်းက ပြောဆိုခဲ့သည်။

DOGE သည် DEI (Diversity, Equity and Inclusion) နှင့်ပတ်သက်သော စာချုပ်များကို ဖျက်သိမ်းလိုက်နိုင်ကြောင်းနှင့် ဒေါ်လာ ၁ ဘီလီယံကျော် ခြိုးခြံချွေတာနိုင်ခဲ့သည်ဟုလည်း သိရှိရပါသည်။

ကိုးကား-RT