Trump အစိုးရက ဗီယက်နမ်နှင့် ပူးပေါင်း ဆောင်ရွက်မှုကို တန်ဖိုးထားသည်ဟု အမေရိကန်ကာကွယ်ရေးဦးစီးချုပ် ပြောဆို
အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က သမ္မတ Donald Trump ၏ အစိုးရအဖွဲ့သည် ဗီယက်နမ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို တန်ဖိုး ထားကြောင်း ဖေဖော်ဝါရီ ၇ ရက်နေ့က ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးနှင့် ဖုန်းဖြင့်ဆွေးနွေးစဉ် ပြောကြား ခဲ့သည်။
အထူးသဖြင့် နှစ်ဖက်စလုံးမှ သဘောတူထားသည့်အတိုင်း စစ်ပွဲအမွေအနှစ်ပြန်လည်ကုစားရေးတွင် Trump အစိုးရသည် ဗီယက်နမ်နှင့် ကာကွယ်ရေး၊ ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ရန် မျှော်လင့်ကြောင်း Hegseth မှ အတည်ပြုပြောကြားခဲ့သည်။
ဆွေးနွေးပွဲအတွင်း ဗီယက်နမ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် Phan Van Giang က ၂၉ ဦးမြောက် အမေရိကန် ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် Hegseth အား ချီးကျုးဂုဏ်ပြုကာ လွတ်လပ်ရေး၊ ကိုယ်ပိုင်အားကိုးမှု၊ ကွဲပြားမှု၊ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာ ပေါင်းစည်းရေး၊ မိတ်ဆွေကောင်း၊ ယုံကြည်စိတ်ချရသော မိတ်ဖက်အဖြစ်နှင့် နိုင်ငံတကာ အသိုက်အဝန်း၏ တာဝန်ရှိသော အဖွဲ့ဝင်အဖြစ် ဗီယက်နမ်၏ ကတိကဝတ်များကို ထပ်မံ အတည်ပြုခဲ့သည်။
ကိုးကား-VN Express