T-72 တင့်များအတွက်လိုအပ်သည့် အင်ဂျင်များအား ရုရှားမှဝယ်ယူရန် သဘောတူညီချက်တစ်ရပ်ကို အိန္ဒိယလက်မှတ်ရေးထိုး
နယူးဒေလီ၊ စစ်လက်နက်နည်းပညာ
အိန္ဒိယနိုင်ငံသည် ၎င်းတို့၏ကြည်းတပ်မတော်တွင် အသုံးပြုနေသည့် T-72 တင့်များအတွက် လိုအပ်သည့်အင်ဂျင်များကို ရုရှားနိုင်ငံမှဝယ်ယူရန် ဒေါ်လာ ၂၄၈ သန်းတန်ဖိုးရှိ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ရုရုားနိုင်ငံပိုင်လက်နက်ကုမ္ပဏီကြီးဖြစ်သည့် Rosobo-ronexport က ထုတ်ပြန်သည်။
ရုရှားနိုင်ငံနှင့်ချုပ်ဆိုသည့် အဆိုပါသဘောတူညီချက်အရ အိန္ဒိယနိုင်ငံအနေဖြင့် T-72 တင့်များအတွက် မြင်းကောင်ရေ ၁၀၀၀ အားရှိ အင်ဂျင်များကို ဝယ်ယူမည်ဖြစ်ပြီး ၎င်းအင်ဂျင်များအား အိန္ဒိယနိုင်ငံအတွင်း၌ ထုတ်လုပ်နိုင်ရန်အတွက် ရုရှားနိုင်ငံမှနည်းပညာလွှဲပြောင်းရယူမည်ဖြစ်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၇ ရက်တွင်ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
T-72 တင့်များသည် အိန္ဒိယကြည်းတပ်မတော်တွင် အဓိကအသုံးပြုနေသည့် တင့်များဖြစ်ပြီး လက်ရှိတွင် ၎င်းတင့်များ၌ မြင်းကောင်ရေ ၇၈၀ အားရှိ အင်ဂျင်များကိုသာ တပ်ဆင်အသုံးပြုလျက်ရှိသည်။ ထို့ကြောင့် အဆိုပါတင့်များတွင် မြင်းကောင်ရေ ၁၀၀၀ အားရှိ အင်ဂျင်များဖြင့် အစားထိုးတပ်ဆင်၍ အဆင့်မြှင့်တင်ခြင်းအားဖြင့် တင့်များ၏ စစ်ဆင်ရေးဆိုင်ရာထိရောက်မှုကို မြှင့်တင်ပေးနိုင်သည့်အပြင် စစ်ကစားနိုင်မှုနှင့် ထိုးစစ်ဆင်မှုဆိုင်ရာစွမ်းဆောင်ရည်များကိုပါ တိုးတက်လာစေမည်ဟု အိန္ဒိယတပ်မတော်က မျှော်လင့်ထားကြောင်းသိရသည်။
Rosoboronexport ကုမ္ပဏီသည် ၂၀၀၅ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံနှင့် ဒေါ်လာ ၅၀ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ပြီး အိန္ဒိယနိုင်ငံသို့ ရုရှားကရောင်းချခဲ့သည့် စစ်လက်နက်ပစ္စည်းများ၏တန်ဖိုးမှာ ဒေါ်လာ ၈၀ ဘီလီယံအထိရောက်ရှိခဲ့ကြောင်းသိရသည်။
Ref: RT
Source: https://myawady.net.mm/