ဆီးရီးယားရှိ ဘုရားရှိခိုးကျောင်းဗုံးခွဲတိုက်ခိုက်မှုတွင် ပါဝင်သူများ တရားဥပဒေအရစီရင်ခံရမည်ဟုဆို

News Image

  • ဆီးရီးယားရှိ ဘုရားရှိခိုးကျောင်းဗုံးခွဲတိုက်ခိုက်မှုတွင် ပါဝင်သူများ တရားဥပဒေအရစီရင်ခံရမည်ဟုဆို

ဇွန်လ ၂၂ ရက်တွင်ဖြစ်ပွားသည့် ဘုရား ရှိခိုးကျောင်းတစ်ခု ဗုံးခွဲတိုက်ခိုက်ခံရမှု၌ ပါဝင်သူများသည် တရားဥပဒေအရစီရင်ခံရမည်ဖြစ်ကြောင်း ဆီးရီးယားယာယီ သမ္မတ အာမတ်အယ်ရှာရာက ဇွန်လ ၂၃ ရက်တွင်ပြောသည်။

ဒမတ်စကပ်မြို့ ဒွဲလာရပ်ကွက်ရှိ ဘုရား ရှိခိုးကျောင်းတစ်ခုတွင် ပစ်ခတ်မှုများနှင့် အသေခံဗုံးခွဲတိုက်ခိုက်မှုတို့ဖြစ်ပွားရာ လူ၂၅ ဦးသေဆုံးပြီး ၆၃ ဦးဒဏ်ရာရှိသည် ဟု ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုကိုကျူးလွန်သူသည် IS စစ်သွေးကြွအဖွဲ့နှင့်ဆက်စပ်နေသူဖြစ်ကြောင်း၊ အဆိုပါပြစ်မှုကျူးလွန်သူများကို နေ့ရောညပါရှာဖွေဖော်ထုတ်ဖမ်းဆီးကာ ဥပဒေနှင့်အညီစီရင်သွားမည်ဖြစ်ကြောင်း ရှာရာကထုတ်ပြန်ထားသည်။ ယခုတိုက်ခိုက်မှုသည်၂၀၁၁ ခုနှစ်နောက်ပိုင်း ဘုရား ရှိခိုးကျောင်းအတွင်းပိုင်း၌ ပထမဆုံးဖြစ် ပွားသောတိုက်ခိုက်မှုဖြစ်ကြောင်း လေ့လာသူများကပြောသည်။ 

Ref: AGC

MWD Daily Newspaper

Photo - Al Monitor