ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် ဖင်လန် ထိပ်ဆုံးက ရပ်တည်
မတ်လ ၂၀ ရက် (ကြာသပတေးနေ့)တွင် ထုတ်ပြန်လိုက်သည့် World Happiness Report 2025 ဖော်ပြချက်အရ ဖင်လန်သည် ကမ္ဘာ့ အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် ရှစ်နှစ်ဆက်တိုက် ရပ်တည်လျက်ရှိပါသည်။
ဖင်လန်နိုင်ငံ၏ နောက်တွင် ဒိန်းမတ်၊ အိုက်စလန်နှင့် ဆွီဒင်တို့သည် ၄င်းတို့၏ ထိပ်တန်းအဆင့်သတ်မှတ်ချက်များကို ဆက်လက် ထိန်းသိမ်းနိုင်ထားကြပါသည်။
အစီရင်ခံစာအတွက် စစ်တမ်းများကို လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်ဘဝများကို မိမိဘာသာအကဲဖြတ်သည့် အဆင့်သတ်မှတ်မှုပုံစံဖြင့် ကောက်ယူခဲ့ခြင်းဖြစ်ပါသည်။ ယခု သုတေသနကို Oxford တက္ကသိုလ်ရှိ Wellbeing Research Center မှ Gallup နှင့် UN Sustainable Development Solutions Network တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း The Economic Times သတင်းစာက ဖော်ပြထားပါသည်။
ကိုးကား-The Economic Times
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၃
MM-News-Category