နိုင်ငံကူးလက်မှတ် လျှောက်ထားမှု မေလ (၁) ရက်နေ့တွင် ပြန်ဖွင့်မည်
ငလျင်ဘေးဒဏ်ကြောင့် ယာယီရပ်နားထားသည့် နိုင်ငံကူးလက်မှတ် အွန်လိုင်းမှ လျှောက်ထားမှုကို မေ(၁)တွင် ပြန်ဖွင့်ပေးမည် ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မေလ (၁)ရက်တွင် အွန်လိုင်းစနစ်ဖြင့် QR Code ရယူနိုင်တော့မည်လည်း ဖြစ်သည်။
ယခင်က QR Code တင်ထားသူများသည် လာမည့် ဇွန်လထိ ရက်ချိန်းရှိသည့်အတွက် ယင်းရက်ချိန်းထိ ရယူထားသူများကို နိုင်ငံကူးလက်မှတ် ပုံမှန်အတိုင်း ထုတ်ပေးနေပြီး ကျန်းမာရေး/ပညာရေးကိစ္စနှင့် အရေးပေါ် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုများကို Green Channel ဖြင့် ဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။
ထို့ပြင် ရန်ကုန်၊ မြစ်ကြီးနားနှင့် လားရှိုးမြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများ၌ နိုင်ငံကူးလက်မှတ်ဆောင်ရွက်ရန် Online Appointment Date ရရှိထားသူများသည်လည်း ဆောလျင်စွာ ဆောင်ရွက်နိုင်ရေး Appointment Date များကို ပြင်ဆင်ထားသည့်အတွက် ပြန်လည်စိစစ်နိုင်ရေး အသိပေးထားပြီး ပြောင်းလဲ ပြင်ဆင်ထားသည့်ရက်များ၌ သက်ဆိုင်ရာ ရုံးများအလိုက် နိုင်ငံကူးလက်မှတ် သွားရောက်ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်းလည်း ဆိုသည်။
မတ်(၂၈) ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် ဆက်သွယ်ရေးတာဝါတိုင်များ ပျက်စီးခဲ့ရပြီး Online Appointment System နှင့် နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းကို တစ်လနီးပါးကြာ ယာယီရပ်နားခဲ့ရခြင်းလည်း ဖြစ်သည်။
Source: Popular Myanmar