ရေအောက်ထဲမှာ ရက်ပေါင်း ၃၀ ကြာနေနိုင်မယ့် ကမ္ဘာ့အမြန်ဆုံးရေအောက်သွားယာဉ်
တရုတ်နိုင်ငံက အပြာရောင်ဝေလငါးလို့ အမည်ရတဲ့ မောင်းသူမဲ့ရေအောက်သွားယာဉ်တစ်မျိုးကို ရေချလိုက်ပါတယ်။ သူ့ရဲ့အလျားက ၁၁ မီတာနဲ့ တန်ချိန်က ၁၂ တန်ရှိတဲ့ အဲဒီရေယာဉ်က ကမ္ဘာ့အမြန် ဆုံးရေအောက်သွားယာဉ်ဖြစ်တယ်လို့ လည်းဆိုနိုင်ပါတယ်။
သူကရေပေါ်မှာဆိုရင် အမြန်နှုန်းအနေနဲ့ရေမိုင် ၃၆ မိုင်နှုန်းနဲ့သွားနိုင်ပါတယ်။ အဲဒီအရှိန်က ရေတပ်မှာ အသုံးပြုနေတဲ့ ဖျက်သင်္ဘောများရဲ့အရှိန်၊ အကြီးစားတော် ပီဒိုများရဲ့အရှိန်နဲ့အတူတူပင် ဖြစ်တဲ့အပြင် အလွန်ဝေးကွာတဲ့ နေရာဒေသတွေအထိ အလွန်လျင်မြန်စွာဖြန့်ကြက်နိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သူကသတ်မှတ်ထားတဲ့နေရာကို ရောက်သွားတဲ့အခါမှာ ရေအောက်ကို မီတာ ၆၀ အနက်အထိ ငုပ်လျှိုးနိုင်ပြီး ရေအောက်မှာတင် ရက်ပေါင်း ၃၀ ကြာနေပြီးသူ့ရဲ့လုပ်ငန်းဆောင်တာများကိုအပြည့်အဝလုပ်ဆောင်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။
သူ့ရဲ့စွမ်းဆောင်ရည်များအနက် အများနဲ့မတူဘဲသာလွန်တဲ့အချက်က နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများကဲ့သို့ ရေဒါမှာမဖမ်းယူနိုင်တဲ့ကိုယ်ပျောက်စွမ်းရည်လိုမျိုးလည်းပါဝင်ပါတယ်။ ဒီအတွက်ကြောင့် အပြာရောင်ဝေလငါးလို့အမည်ပေးထားတဲ့ အဲဒီရေအောက်သွားယာဉ်က တရုတ်နိုင်ငံအနေနဲ့ အဏ္ဏဝါနည်းပညာ တီထွင်ဖန်တီးမှုမှာ အမှီအခိုကင်းနေပြီလို့ ဆိုနိုင်ကြောင်း ဦးဆောင်သိပ္ပံပညာရှင် ချန်းဒိတ်ကပြောပါတယ်။
Ref: IE
K.H
Source: https://myawady.net.mm/