မြန်မာ့ ငလျင်ဘေးသင့် ပြည်သူများထံ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ Hill Marma Bhikkhu Sangha Bangladesh မှ ကန်ဒေါ်လာ ၁၀,၅၃၉ ခန့် လှူဒါန်း

News Image

  • မြန်မာ့ ငလျင်ဘေးသင့် ပြည်သူများထံ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ Hill Marma Bhikkhu Sangha Bangladesh မှ ကန်ဒေါ်လာ ၁၀,၅၃၉ ခန့် လှူဒါန်း

ငလျင်ဘေးဒဏ်သင့် မြန်မာပြည်သူများထံ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ Hill Marma Bhikkhu Sangha Bangladesh မှ အများစုပေါင်း လှူဒါန်းသည့် ငွေ တာကာ ၁,၃၇၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၀,၅၃၉ ခန့်)ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက လက်ခံရယူပြီး ငလျင်ဘေးသင့်ပြည်သူများထံ ဆက်လက် ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ၌ မတ် (၂၈)ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် ဘေးသင့်ပြည်သူများမှာ ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများတွင် အထောက်အပံ့များ လိုအပ်နေကြောင်း သိရသည်။

ထို့ကြောင့် အထောက်အပံ့များ ရရှိစေရန် ဒါကာမြို့ရှိ Hill Marma Bhikkhu Sangha Bangladesh မှ အများစုပေါင်းလှူဒါန်းငွေ တာကာ ၁,၃၇၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၀,၅ ၃၉ ခန့်)ကို မြန်မာသံရုံး၊ ဒါကာမြို့သို့ မေ(၄)ရက်က လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ လာရောက်လှူဒါန်းရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အဆိုပါ လှူဒါန်းငွေများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ငလျင်ဘေးသင့်ပြည်သူများသို့ ဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Source: Popular Myanmar