MRSC က ငလျင်ဒဏ်သင့် ညောင်ရွှေဒေသရှိ ကလေးငယ်များ ကြောက်ရွှံထိတ်လန့်မှု သက်သာစေရေး ကလေးပျော်စင်တာဖွင့်လှစ်ပေး
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ငလျင်ဒဏ်သင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေဒေသရှိ ကလေးငယ်များ ကြောက်ရွှံထိတ်လန့်မှု သက်သာစေရေးအတွက် ကလေးပျော်စင်တာကို မေလ (၅) ရက်က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စင်တာတွင် ကလေးငယ်များအား စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်စေရန် နှင့် အားပေးစောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာများပေးခဲ့သည့်အပြင် ရပ်ရွာလူထုကိုလည်း စိတ်ပိုင်းဆိုင်ရာ အားပေးနှစ်သိမ့်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယင်းဒေသရှိ သလဲအင်းအုပ်စု၊ ညောင်ဝန်းကျေးရွာနှင့် နမ့်ပန်မြို့ အုပ်စု (၁)၊ (၂)၊ (၃) တို့တွင် ငလျင်ဘေးဒဏ်ထိခိုက်ခံစားရသော အိမ်ထောင်စု (၅၂၆) စု အတွက် အိမ်ထောင်စုတစ်စုလျှင် ငွေသား (၅၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၂၆၃) သိန်းကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ငလျင်ဒဏ်သင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်အတွင်းရှိ ကလေးငယ်များ စိတ်ပိုင်းဆိုင်ရာ မထိခိုက်စေရေး ကလေးပျော်စင်တာများ ဆက်တိုက်ဖွင့်လှစ်ကာ အသိပညာပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
Source: Popular Myanmar