V- Day ကာလအတွင်း မိုဘိုင်းအင်တာနက် ကန့်သတ်မှုများသည် ဘဏ်ဝန်ဆောင်မှုများကို မထိခိုက်စေဟု ကျွမ်းကျင်သူ ပြောကြား
မေလ ၉ ရက်တွင် ကျင်းပမည့် V-Day ကာလဖြစ်သည့် မေလ ၇ ရက်မှ ၉ ရက်အတွင်း အခမ်းအနား လုံခြုံရေးအာမခံရန် အင်တာနက်အသုံးပြုမှုကို ယာယီကန့်သတ်နိုင်ကြောင်း ရုရှားတာဝန်ရှိသူများက ယခင်က ထုတ်ပြန် ထားပါသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ မိုဘိုင်းအော်ပရေတာများ၏ လုပ်ငန်းလည်ပတ်မှုကန့်သတ်ချက်များသည် ဘဏ်လုပ်ငန်းအခြေခံအဆောက်အအုံ၏ လုပ်ဆောင် ချက်များကို မထိခိုက်စေကြောင်း OTP Bank မှ ဒစ်ဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးရေးဒါရိုက်တာ အိုင်ဗန် ဘက်မတ်က TASS သို့ ပြောကြား လိုက်ပါသည်။
ရုရှားနိုင်ငံ၏ ပြည်ထောင်စုအရေးပေါ်သတိပေးနှင့်တုံ့ပြန်ရေးစနစ်က မော်စကိုတွင် မေလ ၇ ရက်မှ ၉ ရက်အတွင်း နိုင်ငံတော်အဆင့် အခမ်းအနား လုံခြုံရေးအတွက် အာမခံနိုင်ရန် အင်တာနက်အသုံးပြုမှုကို ယာယီကန့်သတ်နိုင်ကြောင်း ယခင်က ထုတ်ပြန်ခဲ့သည်။
ထို့အပြင် POS ငွေပေးချေမှုများသည်လည်း မိုဘိုင်းအင်တာနက် မလိုအပ်ဘဲ ပုံမှန်အတိုင်း လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ အင်တာနက်မရှိသည့်တိုင်အောင် ဘဏ်စနစ်သည် ဒစ်ဂျစ်တယ်ကတ်များဖြင့် ငွေထုတ်ယူမှုကို မှန်ကန်စွာ အလုပ်လုပ်ဦးမည်ဟု အိုင်ဗန်ဘက်မတ်က ထပ်လောင်း ပြောကြားထားပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃