❝တစ်ပတ်ကြာ ကျင်းပမည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချသည့် ဈေးရောင်းပွဲတော်ကို နေပြည်တော်၌ ပြခန်းပေါင်း ၇၄ ခု ဖြင့် မေ ၁၂ မှစတင်ရောင်းချပေးနေ❞

News Image

  • ❝တစ်ပတ်ကြာ ကျင်းပမည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချသည့် ဈေးရောင်းပွဲတော်ကို နေပြည်တော်၌ ပြခန်းပေါင်း ၇၄ ခု ဖြင့် မေ ၁၂ မှစတင်ရောင်းချပေးနေ❞

သံ၊ သံမဏိ၊ ဘိလပ်မြေအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချပေးမည့် ဈေးရောင်းပွဲတော်ကို နေပြည်တော် ဥပ္ပါတသန္တိ စေတီတော် တပေါင်းကွင်း၌ မေလ ၁၂ ရက်နေ့တွင် စတင်ကျင်းပနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါဈေးရောင်းပွဲတော်ကို မေ ၁၂ ရက်မှစတင်၍ ၁၈ ရက်နေ့ အထိ ၇ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကုမ္ပဏီပေါင်း ၆၁ ခုတို့က ပြခန်းပေါင်း ၇၄ ခုဖွင့်လှစ်ကာ ဘိလပ်မြေ၊ သံ၊ သံမဏိ စသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများစွာကို သက်သာသော ဈေးနှုန်းဖြင့် လွတ်လပ်စွာဝယ်ယူနိုင်သည်ဟုဆိုသည်။ 

ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လိုအပ်သည့် ဆောက်လုပ်ရေးသုံးပစ္စည်းများကိုအများပြည်သူများ ဈေးနှုန်းမှန်ကန်စွာနှင့် အရည်အသွေးပြည့်မီစွာ ဝယ်ယူ နိုင်ရန် ရည်ရွယ်၍ ယင်းဈေးရောင်းပွဲတော်ကို ကျင်းပခြင်းဖြစ်သည်ဟု သိရပြီး နေပြည်တော်အပြင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင်လည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား- ဒေသတွင်းမီဒီယာ