ကိုယ်အလေးချိန် လျှော့ချရေးဆေးများက အဝလွန်မှုနှင့် ဆက်စပ်နေသော ကင်ဆာ ရောဂါများဖြစ်နိုင်ခြေကို လျှော့ချနိုင်

News Image

  • ကိုယ်အလေးချိန် လျှော့ချရေးဆေးများက အဝလွန်မှုနှင့် ဆက်စပ်နေသော ကင်ဆာ ရောဂါများဖြစ်နိုင်ခြေကို လျှော့ချနိုင်

ဂျေရုဆလင်  မေ ၁၄

Wegovy နှင့် Ozempic ကဲ့သို့ ကိုယ်အလေးချိန်လျှော့ချရေးဆေးများသည် အဝလွန်မှုနှင့် ဆက်စပ်နေသည့် ကင်ဆာရောဂါများဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း သုတေသနပညာရှင်များက မေ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

အစ္စရေးသုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ GLP-1S အုပ်စုဝင် အဆိုပါဆေးများသည် အဝလွန်မှုနှင့် ဆက်စပ်နေသည့် ကင်ဆာရောဂါများဖြစ်နိုင်ခြေကို ၄၁ ရာခိုင်နှုန်းလျှော့ချပေးနိုင်ကြောင်း သိရသည်။

ထို့ပြင် GLP-1S အုပ်စုဝင်ဆေးများသည် အဝလွန်မှုနှင့်ဆက်စပ်နေသည့် ကင်ဆာရောဂါများအပြင် အခြားကင်ဆာရောဂါများဖြစ်နိုင်ခြေကိုလည်း လျှော့ချနိုင်ကြောင်း အစ္စရေးသုတေသနပညာရှင်များက ပြောကြားသည်။

သို့ဖြစ်ရာ နှလုံးရောဂါများဖြစ်နိုင်မှုကို တားဆီးရေးအတွက် စတာတင်ဆေးကို သုံးစွဲသည့်နည်းတူ ကင်ဆာရောဂါများဖြစ်နိုင်မှုကို တားဆီးရေးအတွက် GLP-1S အုပ်စုဝင်ဆေးများကို သုံးစွဲ၍ ရနိုင်ဖွယ်ရှိကြောင်း သုတေသနပညာရှင်များက သုံးသပ်ထားသည်။

Source: ရတနာပုံသတင်းစာ