ရေနံစိမ်းဈေးနှုန်းများ အနည်းငယ်ပြန်လည်မြင့်တက်လာ

News Image

  • ရေနံစိမ်းဈေးနှုန်းများ အနည်းငယ်ပြန်လည်မြင့်တက်လာ

လန်ဒန်၊ စီးပွားရေး
အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်က ဥရောပသမဂ္ဂနှင့် ကုန်သွယ်ရေးဆွေးနွေးမှုများအတွက် သတ်မှတ်ချိန်ကို ရွှေ့ဆိုင်းလိုက်ခြင်းကြောင့် မေလ ၂၆ ရက်တွင် ရေနံစိမ်းဈေးနှုန်းများ အနည်းငယ်ပြန် လည်မြင့်တက်လာကြောင်းသိရသည်။

ထိုသို့ဆွေးနွေးမှုအတွက် နောက်ဆုံး သတ်မှတ်ချိန်ကို ရွှေ့ဆိုင်းလိုက်သောကြောင့် ဥရောပသမဂ္ဂအပေါ်အမေရိကန်၏သွင်းကုန်အခွန်များချမှတ်မှုနှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုများကိုလျော့ပါးသွားစေကာ ရေနံစိမ်းဝယ်လိုအားမြင့် တက်လာစေခြင်းဖြစ်သည်။

ဘရန့်ရေနံစိမ်းမှာ တစ်စည်လျှင် ၃၉ ဆင့်တက်ကာ ၆၅ ဒသမ ၁၇ ဒေါ်လာဖြင့် ရပ်တည်ခဲ့သည်။ တစ်ချိန်တည်းမှာပင် WTI ရေနံစိမ်းမှာလည်း ၃၃ ဆင့်တက်ပြီး တစ်စည်လျှင် ၆၁ ဒသမ ၈၆ ဒေါ်လာသို့ ရောက်ရှိခဲ့ကြောင်းသိရသည်။

Ref: RTA

Photo - Reuters

Source: Myawady Daily Newspaper