ထရမ့်က ကနေဒါမှ ထွက်ခွာချိန်တွင် မက်ခရွန်သည် စစ်ရပ်စဲရေးထက် ပိုမိုကြီးမားရေး လုပ်ဆောင်နေကြောင်း ဝေဖန်ပြောဆိုခဲ့

News Image

  • ထရမ့်က ကနေဒါမှ ထွက်ခွာချိန်တွင် မက်ခရွန်သည် စစ်ရပ်စဲရေးထက် ပိုမိုကြီးမားရေး လုပ်ဆောင်နေကြောင်း ဝေဖန်ပြောဆိုခဲ့

သမ္မတ ဒေါ်နယ်ထရမ့်သည် တနင်္လာနေ့ (ဇွန် ၁၆) ညနေပိုင်းတွင် ကနေဒါမှ ထွက်ခွာစဉ် ပြင်သစ်သမ္မတ Emmanuel Macron အား ဝေဖန် ပြောဆိုခဲ့ပြီး အစ္စရေးနှင့် အီရန်ကြား စစ်ရပ်စဲရေးအတွက် ဝါရှင်တန်သို့ ပြန်လာရသည်ဟု မက်ခရွန်က မှားယွင်းစွာပြောဆိုခဲ့ကြောင်း ဖော်ပြ ခဲ့သည်။

“ပြင်သစ်သမ္မတ Emmanuel Macron က ထရမ့်သည် G7 ထိပ်သီး အစည်းအဝေးမှ “စစ်ရပ်စဲရေး” အတွက် ဝါရှင်တန် သို့ ပြန်နေသည် ဟု မှားယွင်းစွာ ပြောခဲ့သည်” ဟု ထရမ့်က Truth Social တွင် ရေးသားခဲ့သည်။ 

“ထရမ့်က ၎င်းသည် ဝါရှင်တန်သို့ မည်သည့်အတွက်ကြောင့် ပြန်နေသည်ဆိုသည်ကို မက်ခရွန်မသိရှိနိုင်ဘဲ စစ်ရပ်စဲရေးနှင့် မည်သို့မျှ သက်ဆိုင်မှု မရှိကြောင်း” “ထို့ထက်ပိုမိုအရေးကြီးသည့် ကိစ္စဖြစ်ပြီး မက်ခရွန်သည် ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အမြဲမှားယွင်းတတ်သည်” ဟု ၎င်းက ဆက်လက်ရေးသားခဲ့သည်။ 

အစောပိုင်းတွင် မက်ခရွန်က ထရမ့်သည် အစ္စရေးနှင့် အီရန်ကြား စစ်ရပ်စဲရေး ကမ်းလှမ်းချက်တစ်ခု ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“အထူးသဖြင့် စစ်ရပ်စဲပြီး ပိုကျယ်ပြန့်သည့် ဆွေးနွေးပွဲတွေ စတင်ရန် ကမ်းလှမ်းချက်တစ်ခု ရှိပါသည်” ဟု မက်ခရွန်က ကနေဒါနိုင်ငံ Kananaskis တွင် ကျင်းပသည့် G7 ထိပ်သီးအစည်းအဝေးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

“အမေရိကန်ပြည်ထောင်စုက စစ်ရပ်စဲရေး လုပ်ဆောင်နိုင်မည်ဆိုပါက ထိုသို့ဆောင်ရွက်နိုင်ခြင်းကို ပြင်သစ်က ထောက်ခံနေသလို မျှော်လင့်နေပါသည်” ဟု မက်ခရွန်က ပြင်သစ်ဘာသာဖြင့် ပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂