ဂျပန်နိုင်ငံဗဟိုဘဏ်က ဘဏ်တိုးနှုန်းများကို ၀.၅ ရာခိုင်နှုန်းခန့်သာ မပြောင်းလဲဘဲထားရှိရန် ဆုံးဖြတ်

News Image

  • ဂျပန်နိုင်ငံဗဟိုဘဏ်က ဘဏ်တိုးနှုန်းများကို ၀.၅ ရာခိုင်နှုန်းခန့်သာ မပြောင်းလဲဘဲထားရှိရန် ဆုံးဖြတ်

ဂျပန်နိုင်ငံဗဟိုဘဏ်သည် ကာလတိုအပ်နှံခြင်းအတွက် အခြေခံဘဏ်တိုးနှုန်းများကို ၀.၅ ရာခိုင်နှုန်းခန့်သာ မပြောင်းလဲဘဲထားရှိမည်ဖြစ်ကြောင်း ဇွန်လ ၁၇ ရက်တွင်ပြီးဆုံးခဲ့သည့် ၂ ရက်ကြာမူဝါဒဆိုင်ရာ အစည်းအဝေး အပြီးတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ကုန်သွယ်ခွန်တိုးမြင့်ကောက်ခံခြင်းသည် ဂျပန်နိုင်ငံ၏ စီးပွားရေးအပေါ် သက်ရောက်မှုရှိ/မရှိ မသေချာမရေရာမှုများကြားတွင် ဂျပန်ဗဟိုဘဏ်က ယခုကဲ့သို့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဂျပန်ဗဟိုဘဏ်က လစဉ် အစိုးရ၏ငွေတိုက်စာချုပ်များ ဝယ်ယူမှုကို လျှော့ချမည့်အစီအစဉ်ကိုလည်း ဆုံးဖြတ်ခဲ့သည်။

လက်ရှိတွင် ၃ လပတ်တစ်ခုအတွင်း ငွေတိုက်စာချုပ်ဝယ်ယူမှုကို ယန်းငွေ ဘီလီယံ ၄၀၀ ခန့် (အမေရိကန် ဒေါ်လာ ၂.၇ ဘီလီယံခန့်) ရှိရာမှ ၂၀၂၆ ခုနှစ်၊ ဧပြီလမှစ၍ ၃ လပတ်တစ်ခုလျှင် ယန်းငွေ ဘီလီယံ ၂၀၀ ခန့် (အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံခန့်) အထိ လျှော့ချသွားရန် ရည်ရွယ်ထားရှိကြောင်း NHK သတင်း စာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား - NHK

အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်၊ နစက- ၄