သန့်ရှင်းစွမ်းအင်က ကာဗွန်ထွက်ရှိမှုကို လျှော့ချပြီး တရုတ်နိုင်ငံ၏ ၂၀၃၅ ခုနှစ် စီးပွားရေးရည်မှန်းချက်များကို ဖြည့်ဆည်းပေးနိုင်

News Image

  • သန့်ရှင်းစွမ်းအင်က ကာဗွန်ထွက်ရှိမှုကို လျှော့ချပြီး တရုတ်နိုင်ငံ၏ ၂၀၃၅ ခုနှစ် စီးပွားရေးရည်မှန်းချက်များကို ဖြည့်ဆည်းပေးနိုင်

တရုတ်နိုင်ငံသည် လက်ရှိအချိန်တွင် သန့်ရှင်းစွမ်းအင်ကို ဦးစားပေးပြီး စီးပွားရေးဆောင်ရွက်နေသည့် ထိပ်တန်းနိုင်ငံ ဖြစ်လာလျက်ရှိကြောင်း၊ ယခုအတိုင်းဆက်သွားပါက ကာဗွန်ထွက်ရှိမှုကို လျှော့ချပြီး တရုတ်နိုင်ငံ၏ ၂၀၃၅ ခုနှစ် စီးပွားရေးရည်မှန်းချက်များကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း သုတေသန ပညာရှင်များက ပြောသည်။

ထို့ကြောင့် အဆိုပါအနေအထားမျိုးသို့ ရောက်ရှိနိုင်စေရေးအတွက် တရုတ်နိုင်ငံအနေဖြင့် ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အစိမ်းရောင်နည်းပညာ ဖန်တီးတီထွင်ထုတ်လုပ်မှုများတွင် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်နိုင်စေရေးအတွက်   မူဝါဒများချမှတ်ပေးရမည်ဖြစ်ကြောင်း  ဟယ်ဆင်ကီမြို့ အခြေစိုက်စွမ်းအင်နှင့်   သန့်ရှင်းလေထု သုတေသနဌာနက ထုတ်ပြန်ထားသည်။

၂၀၃၅ ခုနှစ်အရောက်တွင် တရုတ်နိုင်ငံ၏ သန့်ရှင်းစွမ်းအင် လုပ်ငန်းသည်နှစ်ဆ တိုးပွားလာနိုင်ပြီး စီးပွားရေး၌ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ထရီလီယံအထိမြင့် တက်လာစေနိုင်ကြောင်း ပညာရှင်များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ကမ္ဘာပေါ်ရှိပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍတွင် တရုတ်နိုင်ငံကဦးဆောင် ရင်းနှီးမြှုပ်နှံသူအဖြစ် ရပ်တည်နေသည်။ ထို့ကြောင့် စဉ်ဆက်မပြတ် အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုသည် ၁၀ စုနှစ်တစ်ခုအတွင်း တရုတ်နိုင်ငံကို  အတန်အသင့် ချမ်းသာကြွယ်ဝသော နိုင်ငံအဖြစ်သို့ရောက်ရှိလာ စေမည်ဖြစ်ကြောင်း လေ့လာသူများက ပြောသည်။

ဧပြီလအထိရရှိသော စာရင်းများအရ တရုတ်နိုင်ငံသည် လေစွမ်းအင်နှင့်နေစွမ်းအင်တို့မှ လျှပ်စစ်ဓာတ်အားပမာဏကို 1533 GW အထိထုတ်ယူ အသုံးပြုလျက်ရှိ ကြောင်းသိရသည်။

MWD Web Portal