နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃) ၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

News Image

  •  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃) ၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

နေပြည်တော် ဇွန် ၂၅

မိုးရာသီပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၃) ၏၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အခွန်အယူခံခုံအဖွဲ့ရုံး၌ ကျင်းပသည်။

သစ်ပင်စိုက်ပျိုးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်၊ ဒုတိယဝန်ကြီး ဦးထင်ကျော်သူ၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၊ အခွန်အယူခံခုံအဖွဲ့ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများက ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် သတ်မှတ်နေရာ အသီးသီးတွင် နှစ်ရှည်ပင်၊ သီးပင်စားပင်နှင့် ပျိုးပင် ပေါင်း ၂၀၀ တို့ကို စိုက်ပျိုးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုပြီး ပါဝင်စိုက်ပျိုးခဲ့သူများအား အမှတ်တရလက်ဆောင်အဖြစ် Indoor Plant များကို ပေးအပ်သည်။

Source: Myanmar Digital News