NATO အကြီးအကဲက အီရန်ကို အမေရိကန်တို့၏ တိုက်ခိုက်မှုအတွက် ချီးကျူးစကား ပြန်မရုပ်သိမ်းဟုဆို

News Image

  • NATO အကြီးအကဲက အီရန်ကို အမေရိကန်တို့၏ တိုက်ခိုက်မှုအတွက် ချီးကျူးစကား ပြန်မရုပ်သိမ်းဟုဆို

NATO အကြီးအကဲ Mark Rutte က အီရန်ကို အမေရိကန်တို့၏ တိုက်ခိုက်မှုအတွက် ချီးကျူးစကားကို ပြန်မရုပ်သိမ်းဟု ဆိုပါသည်။ 

NATO အတွင်းရေးမှူးချုပ် Rutte က အီရန်တိုက်ခိုက်မှုတွင် ဆုံးဖြတ်ချက်ချမှတ်ပြီး လုပ်ဆောင်နိုင်ခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ချီးကျူးစကား ပြောကြားခဲ့သည်။

ထရမ့်က ဆိုရှယ်မီဒီယာတွင် ဖော်ပြထားသည့် ပို့စ်၌ Rutte က အမေရိကန်၏ အီရန်အပေါ်တိုက်ခိုက်မှုကို “အလွန်ထူးခြားသော လုပ်ဆောင်မှု” ဟု ချီးကျူးခဲ့ခြင်းဖြစ်သည်။

သို့သော် မီဒီယာများက အမေရိကန်၏ တိုက်ခိုက်မှု၏ ထိရောက်မှု အခြေအနေနှင့်ပတ်သက်၍ မေးမြန်းခဲ့မှုအပေါ် Rutte က “အဆိုပါ ချီးကျူးစကားကို ပြန်လည်ပြင်ဆင်ရန် မစဉ်းစားပါ” ဟု နယ်သာလန်၌ ကျင်းပသည့် NATO အစည်းအဝေးတွင် သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

CNN ၏ သတင်းအရ အမေရိကန်၏ အီရန်နျူကလီးယား စက်ရုံသုံးခုကို တိုက်ခိုက်မှုသည် နျူကလီးယား အစီအစဉ်၏ အဓိက အစိတ်အပိုင်းများကို မဖျက်ဆီးနိုင်ခဲ့ဘဲ လအနည်းငယ်ခန့်သာ နောက်ဆုတ်သွားစေနိုင်သည်ဟု အမေရိကန် ထောက်လှမ်းရေး၏ အစောပိုင်း အကဲဖြတ်ချက်တွင် ဖော်ပြထားပါသည်။

သို့သော်လည်း Rutte က ထရမ့်နှင့် အမေရိကန်၏ အီရန်နှင့် ပတ်သက်သော လုပ်ဆောင်ချက်များကို ဆက်လက် ချီးကျူးနေဆဲ ဖြစ်သည်။

ကိုးကား- CNN

Photo: WSJ

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂