တံတားဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ
တံတားဦး ၊ ဇွန် - ၂၅
၂၀၂၅ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို မန္တလေးတိုင်းဒေသကြီး၊ တံတားဦး မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခြေခံပညာ အထက်တန်းကျောင်း နှင့် မြို့မအခြေခံပညာအလယ်တန်းကျောင်းတို့ ကျောင်းသား/သူများအား လက်ဝယ်အရောက် ဖြန့်ဝေပေးကြောင်း သိရသည် ။
အဆိုပါလက်ကမ်းစာစောင်တွင် “မူးယစ်ဆေးဝါးနှင့်ပတ်သတ်သည့် ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင်” ဆောင်းပါး၊ “တရားမဝင် မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်မှုတားဆီးနှိမ်နင်း” ဆောင်းပါး ၊ မောင်ကျေးဇူး ရေးသားသော“အဆိပ်ပန်း” ကဗျာ ၊ “မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ” ၊ “မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ” ၊ “မူးယစ်ဆေးဝါး၏ မဟာဗျူဟာ (၂) ရပ်” ၊ “နည်းဗျူဟာ (၃) ရပ်” ၊ ကာတွန်းများ ၊ ဆောင်ပုဒ်များကို အရောင်အသွေးစုံလင်စွာ ဖော်ပြရှိကြောင်းသိရသည် ။
ပေးပို့သူ- ဦးရဲတင့်(ပြန်/ဆက်)