“ဒုံးကျည်တိုက်ခိုက်မှု ရှိလာနိုင်သည်” ဟူသည့် ခြိမ်းခြောက်မှုကြောင့် ယနေ့ ယူကရိန်းပါလီမန် အစည်းအဝေးဖျက်သိမ်း
“ဒုံးကျည်တိုက်ခိုက်မှုရှိလာနိုင်သည်”ဟု ခြိမ်းခြောက်မှု ရှိနေသဖြင့် ယနေ့ပြုလုပ်မည့် ယူကရိန်းနိုင်ငံ ပါလီမန် အစည်းအဝေးကို ဖျက်သိမ်းလိုက်ကြောင်း ဥပဒေပြုရေး ဆိုင်ရာတာဝန်ရှိသူများက ပြောကြားပါသည်။
မနေ့က Dnipro ကို ရုရှားက ဆန်းသစ်တီထွင်လိုက်သည့် စစ်ဖက်ဆိုင်ရာ တာလတ်ပစ်ဒုံးကျည်ဖြင့် တိုက်ခိုက်ပြီး နောက်တစ်နေ့တွင် ထိုခြိမ်းခြောက်မှုရှိလာခဲ့ကြောင်း ပြောကြားကြပါသည်။
“တိုက်ခိုက်လာနိုင်ကြောင်း ရရှိထားသည့်သတင်းအချက် အလက်များအရ ယနေ့အစည်းအဝေးကို ဖျက်သိမ်း လိုက်ခြင်းဖြစ်ကြောင်း၊ အစည်းအဝေးကို နောက်အပတ် ပုံမှန်အစည်းအဝေးတွင် ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း” ပါလီမန်အဖွဲ့ဝင် Yaroslav Zheleznyak က တယ်လီဂရမ်တွင် ပြောကြားထားပါကြောင်း CNN က ဖော်ပြထားပါသည်။
ကိုးကား - CNN