၂၀၂၅ ခုနှစ်၏ ပထမဆုံး ဧရာမပန်ဒါဝက်ဝံကို တရုတ်တွင် မွေးဖွား

News Image

  • ၂၀၂၅ ခုနှစ်၏ ပထမဆုံး ဧရာမပန်ဒါဝက်ဝံကို တရုတ်တွင် မွေးဖွား

ချန်ဒူ၊ ဇွန် ၂၅

တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ် အနောက်ပိုင်းတောင်ရှိ ဧရာမပန်ဒါ ထိန်းသိမ်းရေးနှင့် သုတေသနဗဟို (CCRCGP) သည် ၎င်းတို့၏ စင်ချူပင် အခြေစိုက်စခန်းတွင် ယခုနှစ်အတွင်း ဖမ်းဆီးထိန်းသိမ်းထားသော ပထမဆုံး ဧရာမပန်ဒါကလေး မွေးဖွားလာကြောင်းကြေညာခဲ့သည်။

ယင်းပန်ဒါကလေးကို ဇွန်လ ၂၁ ရက်၊ ည ၁၁:၅၀ နာရီတွင် မွေးဖွားခဲ့ပြီး၊ ဤပန်ဒါကလေး၏ မိခင်ဖြစ်သော လင်လန်းသည် ပထမဆုံးအကြိမ် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် မတ်လအစောပိုင်းတွင် ပန်ဒါအထီး ယရှင်း နှင့် သဘာဝအတိုင်း မိတ်လိုက်ပြီးနောက် ပထမဆုံးအကြိမ် အောင်မြင်စွာ မွေးဖွားခဲ့ခြင်း ဖြစ်သည်။

“ခုနစ်နှစ်အရွယ် လင်လန်းက မိခင်ရဲ့ဗီဇကို ပြင်းပြင်းထန်ထန်ပြသခဲ့တယ်” ဟု အခြေစိုက်စခန်းမှ ဒုတိယညွှန်ကြားရေးမှူး ဝုဟောင်လင် က ပြောကြားခဲ့သည်။ “သူက လိမ္မာပါးနပ်စွာ ပွေ့ပိုက်ပြီး သူ့သားကို သန့်ရှင်းပေးတယ်၊ ကာကွယ်တယ်၊ ဂရုတစိုက် ပြုစုပေးတယ်”ဟု သူက ပြောကြားခဲ့သည်။

တိရစ္ဆာန်ဆရာဝန်အဖွဲ့များသည် ပန်ဒါမိခင်နှင့်ပန်ဒါကလေးကို ဆက်လက်စောင့်ကြည့်လျက်ရှိပြီး၊ နှစ်ဦးစလုံး ကျန်းမာရေးကောင်းမွန်ကြောင်း အတည်ပြုထားသည်။

၁၉၈၀ ပြည့်နှစ်များမှစ၍ CCRCGP သည် ပန်ဒါ ဖမ်းသိမ်းမွေးမြူခြင်းအတွက် အဓိကအခက်အခဲများကို ဖြေရှင်းနိုင်ခဲ့ပြီး၊ ၁၉၈၃ တွင် ပန်ဒါ ၆ ကောင်မှ စတင်ကာ ယနေ့အချိန်တွင် ပန်ဒါ ၃၈၀ ကျော်အထိ ပြုစုမွေးမြူမှုအောင်မြင်လာခဲ့သည်။

Source: Popular Myanmar