ကျောက်ဆည်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
ကျောက်ဆည်၊ ဇွန်-၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသည့်သတင်းစကားလက်ကမ်းစာစောင်များကို ဇွန်(၂၆)ရက် နံနက်(၉) နာရီက ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေး နှင့် ဝန်ထမ်းများက ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် “အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့”၊ “ကမ္ဘာ့ပြသနာမူးယစ်ဆေး တစ်ကမ္ဘာလုံးကတိုက်ဖျက်ပေး” ဆောင်ပုဒ်များ၊ “မူးယစ်ဆေးဝါးသုံးစွဲခြင်း ၏ ရုပ်ပိုင်း ဆိုင်ရာဆိုးကျိုးများ”၊ “စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများအကြောင်း”၊ “မူးယစ်ဆေးဝါးပပျောက်ရေး မဟာဗျူဟာ (၂)ရပ်”၊ “ထုတ်လုပ်သူ/သုံးစွဲသူပပျောက်ရေးနှင့်တားဆီကာကွယ်ရေး နည်းဗျူဟာ(၃)ရပ်”၊ “၂၀၂၄ ခုနှစ် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့သို့ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌထံမှ ပေးပို့သည့် သဝဏ်လွှာ ကောက်နုတ်ချက်များ”၊ “ဖမ်းဆီးရမိမူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးမှတ်တမ်း ဓာတ်ပုံများ”၊ “ဘက်ပေါင်းစုံ မှ ပူးပေါင်းပါဝင် (ဆောင်းပါး)”၊ “မောင်ကျေးဇူးရေးသားသည့် အဆိပ်ပန်းကဗျာ”နှင့် “မူးယစ်ဆေးဝါး ပညာပေး ကာတွန်းများ” စသည့်အကြောင်းအရာများ ဖော်ပြပါရှိကြောင်း သိရသည်။
ပေးပို့သူ- ခရိုင်ပြန်/ဆက်၊ကျောက်ဆည်