ကမ်းခြေများ၊ ပန်းခြံများ၌ ဆေးလိပ်သောက်သုံးမှု ပြင်သစ်နိုင်ငံပိတ်ပင်မည်

News Image

  • ကမ်းခြေများ၊ ပန်းခြံများ၌ ဆေးလိပ်သောက်သုံးမှု ပြင်သစ်နိုင်ငံပိတ်ပင်မည်

ပဲရစ် ဇွန် ၂၉

ကမ်းခြေများ၊ ပန်းခြံများ၊ ပြည်သူ့ဥယျာဉ်များနှင့်ဘတ်စကား မှတ်တိုင်များ၌ ဆေးလိပ်သောက် သုံးမှုကို ပြင်သစ်နိုင်ငံက ယနေ့မှ စ၍ ပိတ်ပင်မည်ဖြစ်သည်။ ပြင်သစ်အစိုးရ အနေဖြင့် စာကြည့်တိုက်များ ရေကူးကန် များနှင့် စာသင်ကျောင်းများပြင်ပ ၌ ဆေးလိပ်သောက်သုံးမှုကိုလည်း ဆက်လက်ပိတ်ပင်ရန် စီစဉ် ထားသည်။

ဆေးလိပ် မီးခိုးငွေ့များ တစ်ဆင့်ခံရှုရှိုက်နေရမှုမှ ကလေးများကို အကာအကွယ်ပေးနိုင်ရေး အတွက် အဆိုပါနေရာများ၌ ဆေးလိပ်သောက်သုံးခွင့် ဆက် လက်ပိတ်ပင်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း ပြင်သစ်ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် အမိန့်ဒီကရီ၌ ဖော်ပြထားသည်။

ပြင်သစ်ကျန်းမာရေးဝန်ကြီး ဌာန အမိန့်ဒီကရီအရ ကမ်းခြေ များ၊ ပန်းခြံများ၊ ပြည်သူ့ဥယျာဉ် များနှင့် ဘတ်စကားမှတ်တိုင်များ ၌ဆေးလိပ်သောက်သုံးခွင့်ပိတ်ပင် ချက်ကို ချိုးဖောက်ပါက အ ရိကန်ဒေါ်လာ ၁၅၈ ဒေါ်လာထိဒဏ်ငွေရိုက်ခံရမည်ဖြစ်သည်။

သို့ရာတွင် အဆိုပါဆေးလိပ် သောက်သုံးခွင့် ပိတ်ပင်ချက်တွင် ကော်ဖီဆိုင်များကို ကင်းလွတ်ခွင့် ပေးထားကြောင်း ပြင်သစ် မီဒီယာများက သတင်းထုတ်ပြန် ထားသည်။

မကြာသေးမီက ပြုလုပ်ခဲ့ သောစစ်တမ်းတစ်ရပ်အရ ပြင်သစ် လူမျိုး ၁၀ ဦးလျှင် ခြောက်ဦးမှာ အများပြည်သူဆိုင်ရာ နေရာများ၌ ဆေးလိပ်သောက်သုံးမှုကို ပိတ်ပင် ရန်လိုလားကြောင်း သိရသည်။

Ref: Xinhua

YDNB Newspaper