အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံတန်ဖိုးရှိ အစုရှယ်ယာများ ပရဟိတအဖွဲ့အစည်းများကို ဝါရင်ဘက်ဖက်လှူဒါန်း

News Image

  • အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံတန်ဖိုးရှိ အစုရှယ်ယာများ ပရဟိတအဖွဲ့အစည်းများကို ဝါရင်ဘက်ဖက်လှူဒါန်း

နယူးယောက် ဇွန် ၂၉

အမေရိကန်စီးပွားရေးလုပ်ငန်းရှင် ဘီလျံနာသန်းကြွယ်သူဌေး ဝါရင်ဘက်ဖက်သည် ဘာ့ဂ်ရှိုင်းယား ဟေသာဝေး ကုမ္ပဏီအစုရှယ်ယာ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၃၆ သန်းကို ဇွန် ၂၇ ရက်တွင် ဂိတ်ဖောင်ဒေးရှင်းနှင့် အခြား နိုင်ငံတကာ ပရဟိတအဖွဲ့အစည်း များထံ လှူဒါန်းခဲ့ကြောင်းသိရသည်။ 

ဝါရင်ဘက်ဖက် ဇွန် ၂၇ ရက် တွင်လှူဒါန်းခဲ့သော ဘာ့ဂ်ရှိုင်းယား ဟေသာဝေးကုမ္ပဏီ အစုရှယ်ယာ များ၏ တန်ဖိုးမှာ အမေရိကန် ဒေါ်လာခြောက် ဘီလီယံထိ ရှိကြောင်း သိရသည်။

ဝါရှင်ဘက်ဖက်သည် ဘာ့ဂ် ရှိုင်းယားဟေသာဝေးကုမ္ပဏီ အစု ရှယ်ယာ၁၂ဒသမ၃၆သန်းအနက် ၉ ဒသမ ၄၃သန်းကို ဂိတ်ဖောင်ဒေး ရှင်းထံ လှူဒါန်းခဲ့ပြီး ကျန်အစု ရှယ်ယာများကို ၎င်း၏သားသမီး များဦးဆောင်သည့် နိုင်ငံတကာ ဖောင်ဒေးရှင်း သုံးခုကို ခွဲဝေလှူဒါန်း ခဲ့ခြင်းဖြစ်သည်။ 

ဝါရင်ဘက်ဖက်သည် ပြီးခဲ့သည့် နှစ်၂၀နီးပါးအတွင်း ၎င်း၏ပိုင်ဆိုင်မှုများကို နှစ်စဉ်လှူဒါန်းခဲ့ရာ ဇွန် ၂၇ ရက် လှူဒါန်းမှုမှာ အများ ဆုံးဖြစ်ကြောင်း သိရသည်။ 

ဝါရင်ဘက်ဖက်သည် ဇွန် ၂၇. ရက်လှူဒါန်းမှုအပါအဝင် ယနေ့ထိနိုင်ငံတကာပရဟိတလုပ်ငန်းများ အတွက်လှူဒါန်းမှုမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀ထိ ရှိလာခဲ့ပြီ ဖြစ်သည်။

ဝါရင်ဘက်ဖက်သည် ဇွန် ၂၇ ရက်လှူဒါန်းမှုမတိုင်မီ အသားတင် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁၅၂ ဘီလီယံဖြင့် ကမ္ဘာ့အချမ်းသာဆုံး လူပုဂ္ဂိုလ်စာရင်း၌ အဆင့် (၅)နေရာ တွင် ရပ်တည်ခဲ့ပြီး ဇွန် ၂၇ ရက် လှူဒါန်းမှုအပြီးတွင် အဆင့်(၆) နေရာသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

Ref: Xinhua

Trs: KKO

YDNB Newspaper

Photo - Forbes