မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံမှ စက်ရုံမှူး ဦးမျိုးလွင်ဦး နှင့် တာဝန်ရှိသူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော အောင်နိုင်တိုး စပါး စိုက်ခင်းအား ကြည့်ရှု

News Image

  • မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံမှ စက်ရုံမှူး ဦးမျိုးလွင်ဦး နှင့် တာဝန်ရှိသူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော အောင်နိုင်တိုး စပါး စိုက်ခင်းအား ကြည့်ရှု

ကျောက်ဆည်  ဇွန်-၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မြန်မာ့လယ်ယာသုံးစက်ကိရိယာ စက်ရုံ (အင်းကုန်း)မှ စက်ရုံမှူးဦးမျိုးလွင်ဦးနှင့်ဒုစက်ရုံမှူး၊ ခရိုင်မြေစာရင်းဦးစီးဌာနမှဦးစီးမှူး ဦးစိုးစိုးထွန်းနှင့် မြို့နယ် မြေစာရင်းဦးစီးဌာနမှဦးစီးမှူး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးမှူး ဦးချစ်ဆွေဦးနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး တို့သည် ယနေ့နံနက်ပိုင်းက အောင်မြင်ဖြစ်ထွန်းလျက်ရှိသော အောင်နိုင်တိုး စပါးစိုက်ခင်းအား ကြည့်ရှုခဲ့ကြောင်း သိရသည်။ 

အဆိုပါ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော အောင်နိုင်တိုး စပါးစိုက်ခင်း၏ မျိုးစပါးများကို ကျောက်ဆည်မြို့ စိုက်ပျိုးရေးသုတေသနခြံမှ ဝယ်ယူ၍ မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ(အင်းကုန်း)မှ ထုတ်လုပ်ထားသည့် လက်စွဲကောက်စိုက်စက်ဖြင့် ဝန်ထမ်းသက်သာချောင်ချိရေး၊ စမ်းသပ်စိုက်ပျိုးထားခြင်း ဖြစ်ကြောင်းနှင့် လက်စွဲ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းသည် စပါးစိုက်တောင်သူများအတွက် အကျိုးကျေးဇူးများ လက်တွေ့ခံစား ရကြောင်းသိရသည်။

မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ(အင်းကုန်း) အနေဖြင့် စပါးစိုက်ရာသီ၌ စပါးစိုက်တောင်သူများ မျိုးစပါး ကုန်ကျမှုသက်သာရေး၊ အချိန်နှင့်ကုန်ကျမှုစရိတ်သက်သာရေး လက်စွဲမျိုးစေ့ချကိရိယာနှင့် လက်စွဲ ကောက်စိုက် စက်များအား သုတေသနပြုထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက် ၊ကျောက်ဆည်