ဂျပန်က ဖိလစ်ပိုင်သို့ တစ်ပတ်ရစ် ဖျက်သင်္ဘောများ တင်ပို့ပေးမည်

News Image

  • ဂျပန်က ဖိလစ်ပိုင်သို့ တစ်ပတ်ရစ် ဖျက်သင်္ဘောများ တင်ပို့ပေးမည်

ဂျပန်နိုင်ငံက ဖိလစ်ပိုင်သို့ တစ်ပတ်ရစ် ဖျက်သင်္ဘောများကို တင်ပို့ပေးသွားမည် ဖြစ်ကြောင်း Yomiuri သတင်းစာက ဇူလိုင် လ ၆ ရက်တွင်ဖော်ပြထားသည်။ အဆိုပါ တင်ပို့မှုအစီအစဉ်တွင် ဂျပန်ရေကြောင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးတပ်ဖွဲ့က   ဆယ်စုနှစ်သုံးခုကြာ အသုံးပြုထားသည့် Abukuma အတန်းအစား ဖျက်သင်္ဘော ခြောက်စင်းပါဝင်ကြောင်း အမည်မဖော်လိုသူ အစိုးရအရင်းအမြစ်များ၏ ပြောဆိုချက်ကိုကိုးကား၍ သတင်းစာက ဖော်ပြ ထားသည်။

ဂျပန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နာကာတာနီနှင့် ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီဘာတိုတီယိုဒိုရိုတို့က ပြီးခဲ့သည့်လတွင် စင်ကာပူနိုင်ငံ၌တွေ့ဆုံစဉ် အဆို ပါဖျက်သင်္ဘောများတင်ပို့ရန် သဘောတူခဲ့ခြင်းဖြစ်သည်။

အဆိုပါသဘောတူညီချက်အရ နောက်ဆုံးပြင်ဆင်မှုတစ်ခုအဖြစ် တင်ပို့မည့်ဖျက် သင်္ဘောများကို ဖိလစ်ပိုင်တပ်မတော်က စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Yomiuri သတင်းစာက ဆက်လက်ဖော်ပြထားသည်။ ထိုနှစ်နိုင်ငံကြား ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုတွင် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ လုပ်ဆောင်ရန်လည်း ပါဝင်သည်။

MWD Web Portal