မကြာမီ ကမ္ဘောဒီးယား Techo အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်ဖွင့်လှစ်တော့မည်
ကမ္ဘောဒီးယားနိုင်ငံ၏ လေဆိပ်သစ်လည်ပတ်ပါက လက်ရှိဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ စီမံခန့်ခွဲနိုင်သောခရီးသည်ထက်ခြောက်ဆခန့် ခရီးသွားလာနိုင်မည်ဟု ခန့်မှန်းထားသည်။
Kandal ပြည်နယ်တွင် တည်ရှိသော ကမ္ဘာ့အဆင့်မီ အဆင့်လေဆိပ်ဖြစ်သည့် Techo International Airport ကိုလာမည့်စက်တင်ဘာလ ၉ ရက်နေ့တွင်ဖွင့်လှစ်မည်ဖြစ်ကြောင်း နိုင်ငံတော်အတွင်းဝန်ရုံး (SSCA) က ယမန်နေ့တွင် တရားဝင်ကြေညာခဲ့သည်။
Techo အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ကမ္ဘောဒီးယားနိုင်ငံလေကြောင်းကဏ္ဍကို အားကောင်းစေရန် အစိုးရ၏ ရေရှည်မဟာဗျူဟာတစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဒေသတွင်း သယ်ယူပို့ဆောင်ရေးဗဟိုအချက်အချာအဖြစ် ထားရှိကာခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို သိသိသာသာ မြှင့်တင်နိုင်မည်ဟု မျှော်လင့်ထားသည်။
ဟက်တာ ၂၆၀၀ ကျယ်ဝန်းသော လေဆိပ်တွင် Airbus A380-800 နှင့် Boeing 747-800 အပါအဝင် ကမ္ဘာ့အကြီးဆုံး လေယာဉ်များဆင်းသက်နိုင်မည်ဖြစ်သည်။
Techo အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ဖနွမ်းပင်မြို့၏တောင်ဘက် ကီလိုမီတာ ၂၀ ခန့်အကွာတွင်တည်ရှိပြီး ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်ဟောင်းသည် မြို့လယ်၏အနောက်ဘက် ၇ကီလိုမီတာအကွာတွင်တည်ရှိသည်။ ထို့ကြောင့် လေဆိပ်နှစ်ခုကြား အကွာအဝေးသည် အကြမ်းဖျင်းအားဖြင့် ၃၀ကီလိုမီတာဖြစ်သည်။
Popular Myanmar