ဥရောပတစ်ဝန်း၌ အပူလှိုင်းဖြစ်ပေါ်မှုကြောင့် လူဦးရေ ၂၃၀၀ ဝန်းကျင် သေဆုံးဖွယ်ရှိဟု စစ်တမ်းတစ်ခုတွင် ဖော်ပြ
ဥရောပဒေသတစ်ဝန်း၌ ဖြစ်ပေါ်သော အပူလှိုင်းကြောင့် မြို့ပေါင်း ၁၂ မြို့မှ လူ ၂၃၀၀ ဝန်းကျင် သေဆုံးဖွယ်ရှိကြောင်း ဇူလိုင်လ ၉ ရက်တွင်ထုတ်ပြန်သော သိပ္ပံ နည်းကျလေ့လာမှု စစ်တမ်းတစ်ခု၌ ဖော်ပြထားသည်။
ဇူလိုင်လ ၂ ရက်မတိုင်မီ ၁၀ ရက်တာ ကာလအတွင်း ဥရောပဒေသအနောက်ပိုင်း၌ အပူလှိုင်းဖြစ်ပေါ်မှု ပြင်းထန်ခဲ့ရာ စပိန်နိုင်ငံ၌ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိပြီး ပြင်သစ်နိုင်ငံ၌ တောမီးလောင်မှုများ ဖြစ်ပွားသည်။
ထိုကာလအတွင်း သေဆုံးဖွယ်ရှိသူ လူဦးရေ ၂၃၀၀ အနက် ၁၅၀၀ မှာ ရာသီဥတု ပြောင်းလဲမှုနှင့်ဆက်စပ်နေကြောင်း အင်ပီရီယယ် ကောလိပ် လန်ဒန်နှင့် လန်ဒန်တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် အပူပိုင်း ဆေးပညာကျောင်းမှ သိပ္ပံပညာရှင်များ၏ လေ့လာမှုစစ်တမ်းတွင် ဖော်ပြထားသည်။
ယခုကဲ့သို့ ပြင်းထန်သောအပူလှိုင်းဖြစ်ပေါ်မှုသည် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ကြောင်း၊ အပူလှိုင်း၏အပူချိန်မှာပုံမှန်ထက် ၄ ဒီဂရီစင်တီဂရိတ် တိုးမြင့်ဖြစ်ပေါ်ကြောင်း၊ အချို့သော သေဆုံးမှုများကို သက်ဆိုင်ရာ အစိုးရများက တရားဝင်ထုတ်ပြန်ခြင်း မရှိသောကြောင့်ပညာရှင်များက ဖြစ်နိုင်သည့် အခြေအနေများကို ထည့်သွင်းတွက်ချက်ကာ ထုတ်ပြန်ခြင်းဖြစ်ကြောင်း စစ်တမ်း၌ ဆက်လက်ဖော်ပြထားသည်။
ကမ္ဘာ့ရာသီဥတုသည် တစ်နှစ်ထက်တစ်နှစ် ပိုပူလာပြီး ပြီးခဲ့သည့်ဇွန်လသည် လွန်ခဲ့သောနှစ်နှစ်ထက် ပိုပူသောဇွန်လအဖြစ်သို့ ရောက်ရှိခဲ့ကြောင်း မိုးလေဝသစောင့်ကြည့်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။
MWD Web Portal