ဇူလိုင်လအတွင်းကျင်းပမည့် တက္ကဆက်လွှတ်တော် အထူး အစည်းအဝေးတွင် ရေကြီးမှုသတိပေးစနစ်များကို ဆွေးနွေးမည်

News Image

  • ဇူလိုင်လအတွင်းကျင်းပမည့် တက္ကဆက်လွှတ်တော် အထူး အစည်းအဝေးတွင် ရေကြီးမှုသတိပေးစနစ်များကို ဆွေးနွေးမည်

တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott သည် ဇူလိုင်လ ကုန်ပိုင်းတွင် ကျင်းပမည့် လွှတ်တော်အထူးအစည်းအဝေး၏ ဆွေးနွေးမှု အစီအစဉ်များကို ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၉) တွင် ကြေညာခဲ့ပြီး ရေကြီးမှု ကာကွယ်ရေးနှင့် အရေးပေါ်ပြင်ဆင်မှုများကို ဦးစားပေးဆွေးနွေးမည် ဖြစ်သည်။

ဇူလိုင် ၂၁ ရက်မှစတင်မည့် အထူးအစည်းအဝေးတွင် ရေကြီးမှု သတိပေး စနစ်များ၊ အရေးပေါ်ဆက်သွယ်ရေးနှင့် ရေဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့ရန် ရန်ပုံငွေများ အပါအဝင် အကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်သည်။

Abbott ရုံး၏ ထုတ်ပြန်ချက်အရ ဥပဒေပြုသူများသည် “ကနဦး သတိပေးစနစ်များနှင့် အခြားပြင်ဆင်မှု အခြေခံအဆောက်အအုံများကို မြှင့်တင်ရန်” နှင့် “အရေးပေါ်ဆက်သွယ်ရေးနှင့် တုံ့ပြန်မှုစနစ်များကို အားဖြည့်ရန်” ဥပဒေများကို အတည်ပြုဆောင်ရွက်သွားမည်ဖြစ်သည်။

တက္ကဆက် Hill Country ဒေသတွင် ရေကြီးမှုကြောင့် အနည်းဆုံး ၁၂၀ သေဆုံးပြီး ၁၆၀ ခန့် ပျောက်ဆုံးနေသေးကြောင်း ကိုးကားဖော်ပြလျက် “အနာဂတ်တွင် ထိုကဲ့သို့သော ဘေးအန္တရာယ်များအတွက် ပိုမိုကောင်းမွန်စွာ ပြင်ဆင်ထားရမည်” ဟု ပြည်နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂