စပိန်နိုင်ငံတွင် အပူလှိုင်းကြောင့် သေဆုံးသူဦးရေ ၁၁၈၀ ထိ ရှိလာ

News Image

  • စပိန်နိုင်ငံတွင် အပူလှိုင်းကြောင့် သေဆုံးသူဦးရေ ၁၁၈၀ ထိ ရှိလာ

မက်ဒရစ် ဇူလိုင် ၁၅ 
စပိန်နိုင်ငံတွင် အပူလှိုင်းကြောင့် သေဆုံးသူဦးရေ ၁၁၈၀ ထိရှိလာကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၀န်ကြီး ဌာနက ဇူလိုင် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု ယနေ့သတင်းများအရ သိရသည်။

မေ ၁၆ ရက်မှ ဇူလိုင် ၁၃ ရက် အတွင်း အပူချိန်မြင့်တက်မှုကြောင့် စပိန်နိုင်ငံတွင် လူဦးရေ ၁၁၈၀ သေဆုံးခဲ့ပြီး ၂၀၂၄ခုနှစ် အလားတူကာလက ၁၁၄ ဦး သေဆုံးမှုနှင့်နှိုင်းယှဉ်ပါက သိသိသာသာ တိုးလာကြောင်း၊ သေဆုံးသူအများစုမှာ အသက် ၆၅ နှစ် အထက်ဖြစ်ပြီး ထက်ဝက်ကျော်မှာ

အမျိုးသမီးများ ဖြစ်ကြောင်း၊ ထိခိုက်မှုအရှိဆုံး ဒေသများမှာ နိုင်ငံမြောက်ပိုင်းရှိ Galicia၊ La Rioja၊ Asturias နှင့် Cantabria မြို့တို့ဖြစ်ကြောင်း သိရသည်။

စပိန်နိုင်ငံတွင် ဇူလိုင်လ ပထမပတ်တွင် သေဆုံးမှု အရေအတွက် သိသိသာသာ တိုးလာခဲ့ပြီး ထိုအရေအတွက်သည် မကြုံစဖူး အရေအတွက်ဖြစ်သည့်အတွက် လက်ရှိအချိန်တွင် အနီရောင်သတိပေးချက် ၇၆ ခု ထုတ်ပြန်ခဲ့သည်ဟု အဆိုပါ ဝန်ကြီးဌာနကထုတ်ပြန်ခဲ့ကြောင်း သိရသည်။

Ref: Sputnik News

Trs: KZ

YDNB Newspaper