သတင်းများ

၂၀၂၅ ခုနှစ်တွင် အမေရိကန်သည် ကာကွယ်ရေးအတွက် အမေရိကန် ဒေါ်လာ ၈၄၁ ဘီလီယံ စံချိန်တင် သုံးစွဲမည်

၂၀၂၅ ခုနှစ်တွင် အမေရိကန်သည် ကာကွယ်ရေးအတွက် အမေရိကန် ဒေါ်လာ၈၄၁ ဘီလီယံ စံချိန်တင် သုံးစွဲမည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ် အကြီးအကဲ Lloyd Austin က ပြောကြားခဲ့သည်ဟု RIA သတင်း ဌာနကဖော်ပြထားသည်။

ပင်တဂွန်စစ်ဌာနချုပ် အကြီးအကဲသည် အမေရိကန်၏ စစ်အသုံးစရိတ်ကို  လာမည့်နှစ်တွင် ၂၀၂၁ ခုနှစ် က အသုံးစရိတ်ထက် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ တိုးမြှင့်မည်ဟု ကြေညာခဲ့သည်။

အိမ်ဖြူတော်၏ ယူကရိန်းသို့ ATACMS များ လွှဲပြောင်း ပေးခြင်းသည် ယူကရိန်းစစ်ပွဲအတွက် panacea (ကုထုံးတစ်ခု) မဟုတ်ကြောင်း ကယ်လီဖိုးနီးယားရှိ အမျိုးသားကာကွယ်ရေးဖိုရမ်တွင် အမေရိကန်သမ္မတ၏ အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က  ၎င်း၏ မိန့်ခွန်းအတွင်း ပြောကြား

အိမ်ဖြူတော်၏ ယူကရိန်းသို့ ATACMS များ လွှဲပြောင်းပေးခြင်းသည် ယူကရိန်းစစ်ပွဲအတွက် panacea (ကုထုံးတစ်ခု) မဟုတ်ကြောင်း ကယ်လီဖိုးနီးယားရှိ အမျိုးသားကာကွယ်ရေးဖိုရမ်တွင် အမေရိကန်သမ္မတ၏ အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က  ၎င်း၏ မိန့်ခွန်းအတွင်း ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဇယ်လင်စကီး က ရုရှားနှင့် "တရား မျှတသော ငြိမ်းချမ်းရေး" ဟု ခေါ်သည့် တစ်ခုတည်းသော အလားအလာရှိသော ငြိမ်းချမ်းရေးသဘောတူစာချုပ်အကြောင်း ပြောကြား

ကရိန်းသမ္မတ ဇယ်လင်စကီး က ရုရှားနှင့် "တရား မျှတသော ငြိမ်းချမ်းရေး" ဟု ခေါ်သည့် တစ်ခုတည်းသော အလားအလာရှိသော ငြိမ်းချမ်းရေးသဘောတူစာချုပ် လမ်းကြောင်းသည် ယခင်ယူကရိန်းနယ်မြေများမှ ရုရှား တပ်ဖွဲ့များကို "လုံးဝဆုတ်ခွာခြင်း" နှင့် နိုင်ငံ၏ ၁၉၉၁ ခုနှစ် နယ်နိမိတ်မျဉ်း ပြန်လည်ထူထောင်ရေးတို့ ပါဝင် သည့် ၎င်း၏ အချက် ၁၀ ချက်ပါဝင်သော “ငြိမ်းချမ်းရေး ဖော်မြူလာ” ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သို့သော် ယူကရိန်းသည် နေတိုးအဖွဲ့ဝင် ဖြစ်လာပါက ရုရှား ထိန်းချုပ်ထားသော ယူကရိန်း နယ်မြေများကို ခေတ္တ ပြန်လည်ရယူခြင်းမရှိဘဲ အပစ်အခတ်ရပ်စဲရေးကို သဘောတူနိုင်မည်ဟု လွန်ခဲ့သည့် ရက်သတ္တပတ် အနည

ယူကရိန်းသည် ရုရှားနှင့် ငြိမ်းချမ်းရေးသဘောတူညီချက် တစ်ရပ်ပြုလုပ်လိုကြောင်း အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ကိုယ်ပိုင်လူမှုကွန်ယက် Truth Social တွင် ရေးသားဖော်ပြ

ယူကရိန်းသည် ရုရှားနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ် ပြုလုပ်လိုကြောင်း အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ကိုယ်ပိုင် လူမှုကွန်ယက် Truth Social တွင် ရေးသားဖော်ပြခဲ့သည်။

သူပုန်များ၏ မြို့သိမ်းတိုက်ပွဲများ ဆီးရီးယားတွင် ဆက်လက် ဖြစ်ပေါ်နေ

ပုန်များ၏ မြို့သိမ်းတိုက်ပွဲများ ဆီးရီးယားတွင် ဆက်လက် ဖြစ်ပေါ်နေပြီး သမ္မတ Bashar al-Assad သည် ဆီးရီးယားတွင် ရှိနေသော်လည်း ၎င်း၏မိသားစု သည် နိုင်ငံမှ ထွက်ခွာသွားခဲ့ပြီးဖြစ်သည်။ ၎င်း၏သားသမီးများသည် ရုရှားနိုင်ငံသို့ လေယာဉ်ဖြင့်ထွက်ခွာသွားကြပြီဖြစ်ကာ သားမက်ဖြစ်သူသည် ယူအေအီးကို ထွက်ခွာသွားကြောင်း The Telegraph သတင်းဂျာနယ်က ဖော်ပြသည်။

ဆိုးလ်မြို့က လူအုပ်ကြီးက သမ္မတ Yoon Seok Yul နုတ်ထွက်ပေးဖို့ တောင်းဆို ဆန္ဒပြ

Yonhap သတင်းထုတ်ဝေမှုတွင် တောင်ကိုရီးယား ပါလီမန်သည် သမ္မတအား စွပ်စွဲပြစ်တင်ရန် လိုအပ်သော မဲအရေအတွက်ကို မစုဆောင်းနိုင်ခဲ့ဟု ရေးသားထားသည်။ အာဏာရပါတီက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ လက်ရှိအာဏာရပါတီတွင် လွှတ်တော်အမတ် ၁၀၈ ဦးရှိပြီး လွှတ်တော်တွင် စုစုပေါင်း အမတ် ၃၀၀ ရှိကာ စွပ်စွဲပြစ်တင်ရန် ထောက်ခံမဲ ၂၀၀ လိုအပ်သည်ဟု သတင်းရရှိပါသည်။

ကိုးကား - ဒေသတွင်းမီဒီယာ

ပြင်သစ်သမ္မတမှ ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ် အား လွှတ်တော်က အယုံအကြည်မရှိ အဆိုတင်သွင်း အောင်မြင်ပြီးနောက် ပြင်သစ်သမ္မတ Macron အား ရာထူးမှ နုတ်ထွက်ပေးရန် လူရာနှင့်ချီသော ပြည်သူများ ချီတက်ဆန္ဒပြခဲ့

ပြင်သစ်သမ္မတမှ ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အား လွှတ်တော်က အယုံအကြည်မရှိ အဆိုတင်သွင်းအောင်မြင်ပြီးနောက် နိုင်ငံရေးအကျပ်အတည်းနှင့် အစိုးရနုတ်ထွက်ရေးတို့ကြားတွင် ပြင်သစ်သမ္မတ Macron အား ရာထူးမှနုတ်ထွက်ပေးရန် လူရာနှင့်ချီသော ပြည်သူများ ချီတက်ဆန္ဒပြခဲ့ကြသည်ဟု သတင်းရရှိပါသည်။

ကိုးကား - Dmitry Orlov/TASS

တောင်ကိုရီးယား အတိုက်အခံများက သမ္မတ Yoon Seok Yul အား နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွပ်စွဲပြစ်တင်ရန် ပြင်ဆင်နေ

တောင်ကိုရီးယား အတိုက်အခံများက သမ္မတ Yoon Seok Yul အား နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွပ်စွဲ ပြစ်တင်ရန် ပြင်ဆင်နေကြောင်း Yonhap သတင်း ဖော်ပြမှုကို ကိုးကား၍ The Washington Post သတင်း က ဖော်ပြသည်။

မလေးရှားနိုင်ငံသည် BRICS အသင်းအဖွဲ့၏ မိတ်ဖက်နိုင်ငံဖြစ်လာရန် သဘောတူကြောင်း ပြန်ကြား

မလေးရှားနိုင်ငံသည် BRICS အသင်းအဖွဲ့၏ မိတ်ဖက်နိုင်ငံဖြစ်လာရန် သဘောတူကြောင်း ပြန်ကြားခဲ့သည်ဟု မော်စကိုမြို့ရှိ ရုရှားနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီး Cheong Loon Lai မှ TASS သတင်းဌာနသို့ ပြောကြား ခဲ့သည်။

ကိုးကား - TASS 

Photo- Malaymail

အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းနိုင်ငံအတွက် ဒေါ်လာ ၉၈၈ သန်းတန်ဖိုးရှိ နောက်ထပ် လက်နက် များနှင့်ပစ္စည်းကိရိယာများ ပါဝင်သော စစ်ဘက်ဆိုင်ရာ အကူအညီပေးရေး အစီအစဉ်အသစ်ကို ပြင်ဆင်နေ

အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းနိုင်ငံအတွက် ဒေါ်လာ ၉၈၈ သန်းတန်ဖိုးရှိ နောက်ထပ်လက်နက်များနှင့်ပစ္စည်းကိရိယာများ ပါဝင်သော စစ်ဘက်ဆိုင်ရာ အကူအညီပေးရေး အစီအစဉ်အသစ်ကို ပြင်ဆင်နေကြောင်းReuters သတင်းဌာနမှ ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းနိုင်ငံ၏ လုံခြုံရေးအကူအညီအတွက် ဒေါ်လာ ၂.၂၁ ဘီလီယံ ကျန်ရှိနေသဖြင့် သမ္မတဘိုင်ဒင်အစိုးရသည် ထိုပမာဏ၏ ထက်ဝက်နီးပါးကို ယူကရိန်းအတွက် လက်နက်များဝယ်ယူရန် တွန်းအားပေးနေကြောင်း Reuters သတင်းဌာနက ဖော်ပြထားသည်။

ကိုးကား - Reuters