ဥရောပနိုင်ငံများက ဆီးရီးယားဒုက္ခသည်များ တင်သွင်းသည့် ခိုလှုံခွင့်လျှောက်ထားမှု လုပ်ငန်းစဉ်များကို ရပ်ဆိုင်းလိုက်သည်။ ဆီးရီးယားတွင် သမ္မတ Bashar al-Assad အစိုးရပြုတ်ကျပြီးနောက် ယခုကဲ့သို့ ထွက်ပေါ် လာခြင်းဖြစ်သည်။
ဆီးရီးယားဒုက္ခသည်များနှင့်ပတ်သက်သည့် ခိုလှုံခွင့်ဆိုင်ရာလုပ်ငန်းစဉ်များကို ရပ်ဆိုင်းလိုက်ပြီဟု ဂျာမနီနိုင်ငံက ဒီဇင်ဘာ ၉ ရက်နေ့က ကြေညာခဲ့သည်။ ဂျာမနီသည် ဆီးရီးယား နိုင်ငံပြင်ပရှိ ဆီးရီးယားမှလာသူဦးရေ အများဆုံးနေထိုင်သောနိုင်ငံဖြစ်သည်။