သတင်းများ

ဘရာဇီးနိုင်ငံတောင်ပိုင်း၌ မုန်တိုင်းကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံး၊ နေအိမ် တစ်သိန်းနီးပါး ပျက်စီး

ဆော်ပိုလို   ဒီဇင်ဘာ ၉

ဘရာဇီးနိုင်ငံတောင်ပိုင်း ရီယိုဂရန်ဒီ ဒိုဆူပြည်နယ်၌ လွန်ခဲ့သည့် ရက်သတ္တပတ်ကျော်က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် လူ ၁၀၀ ကျော် သေဆုံးပြီး နေအိမ်တစ်သိန်းနီးပါး ပျက်စီးခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ဆိုသည်။ ပြည်နယ်အတွင်း မြစ်ရေလျှံမှုနှင့် ရေကြီးမှုတို့ကြောင့် လူပေါင်း ၁ ဒသမ ၄၅ သန်းခန့် ထိခိုက်ခံစားရပြီး ဒေသခံနှစ်သိန်းခန့်မှာ ဘေးလွတ်ရာပြောင်းရွေ့ခဲ့ရ‌ကြောင်း သိရသည်။

၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်

နေပြည်တော် ဒီဇင်ဘာ ၉

၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဥရောပသမဂ္ဂကိုယ်စားလှယ်များ ရုရှားနိုင်ငံအပေါ်  ၁၅ ကြိမ်မြောက် စီးပွားရေးပိတ်ဆို့မည့် အစီအစဉ်အသစ် မအောင်မြင်

ရုရှားနိုင်ငံအပေါ် ၁၅ ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မည့် အစီအစဉ်အား ဥရောပသမဂ္ဂနိုင်ငံ ကိုယ်စားလှယ်များကဒီဇင်ဘာ ‌၆ ရက်နေ့တွင် ကန့်ကွက်ခဲ့ကြပါသည်။ အဆိုပါ အစီအစဉ်တွင် ရုရှားနိုင်ငံ၏ ရေနံနှင့် ရေနံထွက်ပစ္စည်းများကို ဆလိုဗက်ကီးယားနိုင်ငံမှတစ်ဆင့် ချက်သမ္မတနိုင်ငံသို့ တင်သွင်းခွင့်ပြုသည့်ကာလအား သက်တမ်း တိုးမြှင့်ခြင်းအစီအစဉ်လည်း ပါဝင်ပါသည်။

တောင်ကိုရီးယားသမ္မတ ယွန်ဆပ်ယိုးကိုဖြုတ်ချရန်  စွပ်စွဲပြစ်တင်ခြင်းအတွက် ပါလီမန်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ လုံလောက်သည့် မဲအရေအတွက်မရဘဲ အရေးနိမ့်သွားခြင်းကြောင့် ပထမအကြိမ်ကြိုးစားမှုသည် မအောင်မြင်

တောင်ကိုရီးယားသမ္မတ ယွန်ဆပ်ယိုးကိုဖြုတ်ချရန်  စွပ်စွဲပြစ်တင်ခြင်းအတွက် ပါလီမန်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ လုံလောက်သည့် မဲအရေအတွက်မရဘဲ အရေးနိမ့်သွားခြင်းကြောင့် ပထမအကြိမ်ကြိုးစားမှုသည် အောင်မြင်မှုမရှိ ဖြစ်သွားခဲ့ကြောင်း သိရှိရပါသည်။

စိန့်ပီတာစဘတ်မြို့ရှိ ဆီးရီးယားနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ရုံးတွင် ဆီးရီးယား အတိုက်အခံများ အသုံးပြုသည့် အလံနှင့် ဆင်တူသည့် ကိုယ်ပိုင် ပြုလုပ်ထားသည့် အလံကို လွှင့်ထူ

စိန့်ပီတာစဘတ်မြို့ရှိ ဆီးရီးယားနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ရုံးတွင် ဆီးရီးယား အတိုက်အခံများ အသုံးပြုသည့် အလံနှင့်ဆင်တူသည့် ကိုယ်ပိုင်ပြုလုပ်ထားသည့် အလံကို လွှင့်ထူထားကြောင်း RIA သတင်းဌာနက ဖော်ပြထားသည်။

ကိုးကား - RIA သတင်းဌာန

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ၊ အထူးစစ်ဆင်ရေး စတင်ချိန်မှစ၍ ယူကရိန်းအတွက် မဟာမိတ်များထံမှ စစ်ရေးထောက်ပံ့မှု စုစုပေါင်းပမာဏသည် အမေရိကန်ထံမှ ဒေါ်လာ ၆၂ ဘီလီယံအပါအဝင် အမေရိကန်ဒေါ်လာ ၁၁၉ ဘီလီယံ ကျော်လွန်

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ၊ အထူးစစ်ဆင်ရေး စတင်ချိန်မှစ၍ ယူကရိန်းအတွက် မဟာမိတ်များထံမှ စစ်ရေးထောက်ပံ့မှု စုစုပေါင်းပမာဏသည် အမေရိကန်ထံမှ ဒေါ်လာ ၆၂ ဘီလီယံ အပါအဝင် အမေရိကန်ဒေါ်လာ ၁၁၉ ဘီလီယံ ကျော်လွန်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ် အကြီးအကဲ Lloyd Austin က ပြောကြားခဲ့ကြောင်း Sputnik သတင်းဌာနက ဖော်ပြထားသည်။

ကိုးကား - Sputnik သတင်း

ဆီးရီးယားသမ္မတဟောင်း Assad သည် ၎င်း၏ မိသားစု နှင့်အတူမော်စကိုသို့ရောက်ရှိ

ဆီးရီးယားသမ္မတဟောင်း Assad သည် ၎င်း၏မိသားစု နှင့်အတူ ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ ရောက်ရှိလာခဲ့ကြောင်း ကရင်မလင် သတင်းရင်းမြစ်များကို ကိုးကား၍ TASS သတင်းဌာန ကဖော်ပြထားသည်။

အာဆတ်သည် ၎င်း၏မိသားစုဝင်များနှင့်အတူ မော်စကို မြို့သို့ ရောက်လာခဲ့ကြောင်း၊ ရုရှားနိုင်ငံက ၎င်းတို့ကို လူသားချင်းစာနာသည့် အကြောင်းပြချက်ဖြင့် ခိုလှုံခွင့် ပေးခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက TASS သတင်း အေဂျင်စီသို့ ပြောကြားခဲ့သည်။

ယူကရိန်းသည် အမေရိကန်အစိုးရသစ်လက်ထက်တွင် အမေရိကန်ထံမှ လက်ရှိရရှိနေသည့် စစ်ရေးအကူအညီ များကို လက်ခံရရှိမည်မဟုတ်

ယူကရိန်းသည် အမေရိကန်အစိုးရသစ်လက်ထက်တွင် အမေရိကန်ထံမှ လက်ရှိရရှိနေသည့် စစ်ရေးအကူအညီများကို လက်ခံရရှိမည်မဟုတ်ကြောင်း ဒေါ်နယ်ထရမ့် က NBC သတင်းဌာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်ဟု RIA သတင်းဌာနက ဖော်ပြထားသည်။

ကိုးကား - RIA သတင်းဌာန

အစ္စရေးနိုင်ငံသည် ဆီးရီးယား၏“တပ်ဖွဲ့သစ်များ” နှင့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ထူထောင်လိုကြောင်း၊ သို့မဟုတ်ပါက ၎င်းသည် မိမိကိုယ်မိမိ ကာကွယ်ရန် အရာအားလုံးကို လုပ်ဆောင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် နေတန်ယာဟုက ပြောကြားခဲ့ကြောင်း RIA သတင်းဌာန က ဖော်ပြထားသည်။ ၁၉၇၃ ခုနှစ် Yom Kippur စစ်ပွဲအပြီး  ရရှိခဲ့သော ဂိုလန်ကုန်းမြင့်တွင် ဆီးရီးယားနှင့် တပ်ဖွဲ့များ ခွဲထွက်ရေး သဘောတူညီချက်သည် အကျုံးမဝင်ကြောင်း အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုက အဆိုပါနယ်နိမိတ်မျဉ်းသို့ အလည်အပတ် သွားရောက်စဉ် ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် နေတန်ယာဟ

အစ္စရေးနိုင်ငံသည် ဆီးရီးယား၏“တပ်ဖွဲ့သစ်များ” နှင့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ထူထောင်လိုကြောင်း၊သို့မဟုတ်ပါက ၎င်းသည် မိမိကိုယ်မိမိ ကာကွယ်ရန်အရာအားလုံးကို လုပ်ဆောင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် နေတန်ယာဟုက ပြောကြားခဲ့ကြောင်း RIA သတင်းဌာန က ဖော်ပြထားသည်။

၁၉၇၃ ခုနှစ် Yom Kippur စစ်ပွဲအပြီး ရရှိခဲ့သော ဂိုလန်ကုန်းမြင့်တွင် ဆီးရီးယားနှင့် တပ်ဖွဲ့များခွဲထွက်ရေး သဘောတူညီချက်သည် အကျုံးမဝင်ကြောင်း အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုက အဆိုပါနယ်နိမိတ်မျဉ်းသို့ အလည်အပတ် သွားရောက်စဉ် ပြောကြားခဲ့သည်။

ကုလသမဂ္ဂသည် ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်ဒေသရှိ ၎င်း၏ဝန်ထမ်းများကို ယာယီလျှော့ချခဲ့

ကုလသမဂ္ဂသည် ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်ဒေသရှိ ၎င်း၏ဝန်ထမ်းများကို ယာယီလျှော့ချခဲ့ကြောင်း TASS သတင်းဌာနက ဖော်ပြထားသည်။

အတိုက်အခံလက်နက်ကိုင်အဖွဲ့များက မြို့တော်ဒမတ်စကတ်ကို ဒီဇင်ဘာလ ၈ ရက်နေ့မနက်ပိုင်းကသိမ်းပိုက်ခဲ့ပြီးနောက် ကုလသမဂ္ဂသည် ၎င်း၏ ဝန်ထမ်း များကို လျှော့ချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား- TASS သတင်းဌာန

Photo- abcmedia