ဥရောပသမဂ္ဂ(EU)ခေါင်းဆောင်များက ဥရောပတိုက်လုံခြုံရေးအတွက် အဓိကတာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပင်တဂွန်အကြီးအကဲ ပြောကြား
ဥရောပသမဂ္ဂ(EU)ခေါင်းဆောင်များက ဥရောပတိုက်လုံခြုံရေးအတွက် အဓိကတာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း NATO တပ်ဖွဲ့ဝင် နိုင်ငံများ၏ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကျင်းပပြီးနောက် ဘရပ်ဆဲလ် မြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က ပြောကြားခဲ့ပါသည်။
မကြာသေးမီရက်များအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က "NATO တပ်ဖွဲ့ဝင် မဟာမိတ်နိုင်ငံများအနေဖြင့် ၎င်းတို့၏ ကာကွယ်ရေးအသုံးစရိတ်ကို GDP ၏ ၅% အထိ တိုးမြှင့်သွားရန်" တိုက်တွန်းခဲ့သည်။
၂၀၁၄ ခုနှစ်တွင် ခရိုင်မီးယားဒေသကို ရုရှားက အလျင်အမြန် သိမ်းယူခဲ့ခြင်းနှင့်စပ်လျဉ်း၍ ရုရှား၏ ခြိမ်းခြောက်မှုအန္တရာယ်မှကာကွယ်ရန်အတွက် NATO တပ်ဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ စစ်အသုံးစရိတ်ကို GDP ၏ ၂% အထိ တိုးမြှင့်ရန် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတွင် Wales ၌ ကျင်းပသည့် အစည်းအဝေးတွင် သတ်မှတ်ခဲ့ပြီး၊ GDP ၏ ၂% သည် အနည်းဆုံး ကာကွယ်ရေးအသုံးစရိတ်ဖြစ်သင့်ကြောင်း NATO တပ်ဖွဲ့ဝင် နိုင်ငံများက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပသည့် Vilnius အစည်းအဝေး၌ ဆုံးဖြတ်ခဲ့သည်။
ကိုးကား-TASS
Photo: The Guardian