အမေရိကန်တွင် TikTok အသုံးပြုခွင့်ကို ဧပြီ ၅ ရက်နေ့အထိ တိုးမြှင့်
အမေရိကန်ပြည်သူ သန်း ၁၇၀ ကျော် အသုံးပြုနေသော TikTok အသုံးပြုမှုကို ပိတ်ပင်တားမြစ်သည့် ဥပဒေအား ၇၅ ရက်ကြာ ရွှေ့ဆိုင်းလိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာပြီးနောက် အမေရိကန် App store များတွင် TikTok App ကို ပြန်လည် ရရှိ နေပြီဖြစ်သည်။
ယခုအခါ TikTok app ကို ဥပဒေပါအတိုင်း ရောင်းချသွားရန်ကိစ္စနှင့် စပ်လျဉ်း၍ တရုတ်ကုမ္ပဏီနှင့် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်းနှင့် Elon Musk အပါအဝင် အမေရိကန်ကုမ္ပဏီများက ဝယ်ယူရန် စိတ်ဝင်စားနေကြောင်း ထရမ့်က ပြောကြားထားပါသည်။ သို့သော် TikTok ၏ အနာဂတ်သည် သေချာရေရာမှုမရှိဘဲ ထရမ့်က တိုးမြှင့်ခွင့်ပြုပေးထားသည့်၂၀၂၅ ခုနှစ်၊ ဧပြီလ ၅ ရက်အထိ TikTok ရောင်းချခြင်းနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များကို စောင့်ကြည့်ရမည်ဖြစ်ပါသည်။
ကိုးကား-BBC
MM-News-Category