ယူကရိန်းပဋိပက္ခဖြေရှင်းပြီးနောက် ရုရှားသည် ကမ္ဘာ့စီးပွားရေးစနစ်နှင့် ဥရောပလုံခြုံရေးတို့တွင် ပြန်လည်ပါဝင်လာမည်ဖြစ်ကြောင်း ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအိုဗန် က ပြောကြား

News Image

  • ယူကရိန်းပဋိပက္ခဖြေရှင်းပြီးနောက် ရုရှားသည် ကမ္ဘာ့စီးပွားရေးစနစ်နှင့် ဥရောပလုံခြုံရေးတို့တွင် ပြန်လည်ပါဝင်လာမည်ဖြစ်ကြောင်း ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအိုဗန် က ပြောကြား

ယူကရိန်းပဋိပက္ခဖြေရှင်းပြီးနောက် ရုရှားသည် ကမ္ဘာ့စီးပွားရေးစနစ်နှင့် ဥရောပလုံခြုံရေးတို့တွင် ပြန်လည်ပါဝင်လာမည်ဖြစ်ကြောင်း ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအိုဗန် က ပြောကြားခဲ့ပါသည်။

ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အိုဗန်က Kossuth ရေဒီယိုနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ယူကရိန်းပဋိပက္ခအပြီးသတ်ပြီးနောက် ရုရှားအား ကမ္ဘာ့ စီးပွားရေးစနစ်နှင့် ဥရောပလုံခြုံရေးတို့တွင် အပြည့်အဝပြန်လည် ပေါင်းစည်းနိုင်မည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ 

ထို့အပြင် ဟန်ဂေရီနိုင်ငံသည် ဥရောပစီးပွားရေးကို ထိခိုက်စေသည့် ရုရှား ဆန့်ကျင်ရေး ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းရန် နှစ်ရှည်လများ တိုက်တွန်းလျက်ရှိကြောင်း ထပ်လောင်းအလေးပေး ပြောကြားခဲ့ပါသည်။ ထိုဒဏ်ခတ်မှုများသည် စွမ်းအင်ဈေးနှုန်းမြင့်တက်မှုအပါအဝင် ဥရောပစီးပွားရေးကို ကြီးမားစွာထိခိုက်စေသည်ဟု ၎င်းက ဖော်ပြခဲ့ပါသည်။ 

ကိုးကား - TASS